DVB Logo
Home
မြန်မာသတင်း
ကျောင်းထုတ်ခံရသည့်ချင်းကျောင်းသား ကျောင်းဆက်တက်ခွင့်ရရေး ချင်းပါတီများ တောင်းဆို
DVB
·
August 1, 2017
ကျောင်းထုတ်ခံရသည့်ချင်းကျောင်းသား ကျောင်းဆက်တက်ခွင့်ရရေး ချင်းပါတီများ တောင်းဆို
Donate to DVB

 

စစ်ကိုင်း ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းမှာ အာဇာနည်နေ့အခမ်းအနား မလုပ်တာကို ဝေဖန်ခဲ့တဲ့ ချင်းတိုင်းရင်းသား ဆလိုင်းနိန်ထွန်းကို ကျောင်းထုတ်လိုက်တာနဲ့ ပတ်သက်ပြီး ပညာဆက်သင်ခွင့်ပေးဖို့ ချင်းပါတီနှစ်ခုက ပူးတွဲတောင်းဆိုလိုက်ပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနဲ့ ချင်းတိုးတက်ရေး ပါတီနှစ်ခုက ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး ရူပပေဒအထူးပြုနဲ့ ဒုတိယနှစ်တက်ရောက် ပညာသင်ယူနေတဲ့ ဆလိုင်းနိန်ထွန်းဟာ ဇူလိုင် ၂၈ ရက်နေ့က ခိုင်လုံတဲ့ အကြောင်းပြန်ချက် မရှိဘဲ ကျောင်းထုတ်ခံရတာဖြစ်လို့ ကျောင်းဆက်တက်နိုင်ရေး ပြန်လည်ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်တာပါ။

လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားခဲ့တာကြောင့် အခုလို ကျောင်းထုတ်ခံရတာလို့ ချင်းကျောင်းသား ဆလိုင်းနိန်ထွန်းက ပြောပါတယ်။

“ကျနော် အာဇာနည်နေ့မှာ ကျနော်တို့ကျောင်းမှာ အခမ်းအနားကို ဘာမှမလုပ်ပေးဘူးလေ။ အဲလိုမျိုးဟာကို ဆရာတယောက်က အခမ်းအနားလုပ်ပေးသင့်တယ်၊ တိုင်းရင်းသားကျောင်းမျိုးမှာ လုပ်ပေးသင့်တယ် ဆိုပြီးရေးတာ။ ကျနော်က အဲဒါကို ထောက်ခံတာ။ လုပ်ကို လုပ်ပေးသင့်တယ်လို့၊ သူတို့ကို နည်းနည်းဝေဖန်တာကို အဲဒါကို ကျောင်းတာဝန်ရှိသူတွေ တွေ့သွားတော့ ရုံးခန်းမှာ ကျနော့်ကို ခေါ်တွေ့တာ။ အဲလိုမျိုးနိုင်ငံရေးပို့စ်တွေ မရေးဖို့၊ ကျောင်းသားဖြစ်တဲ့အတွက်စာကြိုးစားဖို့ အဲလိုပြောတယ်ဗျာ။”

သူ့ကို ဇူလိုင် ၂၁ ရက်နေ့မှာခေါ်တွေ့ပြီးနောက် ဇူလိုင် ၂၈ ရက်နေ့မှာ ကျောင်းထုတ်လိုက်ပြီး မိဘဆီပြန်အပ်လိုက်တာလို့ ပြောပါတယ်။

ဒါပေမယ့်  ကျောင်းထုတ်တယ်ဆိုပြီး စာထုတ်ပြန်တာမျိုးမရှိဘဲ အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ထုတ်ပယ်တာ မဟုတ်ကြောင်းလည်း ဆလိုင်းနိန်ထွန်းက ပြောပါတယ်။

ဆလိုင်းနိန်ထွန်း ကျောင်းထုတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013