DVB Logo
Home
မြန်မာသတင်း
ကညွတ်ကွင်းမြို့လယ်၌ ၂၂ ဘီးယာဉ် ၂ စီးတိုက်၊ ဈေးဆိုင်ကို ထပ်မံတိုက်မိ
DVB
·
August 1, 2017
ကညွတ်ကွင်းမြို့လယ်၌ ၂၂ ဘီးယာဉ် ၂ စီးတိုက်၊ ဈေးဆိုင်ကို ထပ်မံတိုက်မိ
1 / 6
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ ဒီနေ့ မနက် ၆ နာရီလောက်က ၂၂ ဘီးယာဉ် ၂ စီးတိုက်မိခဲ့ပြီးနောက် ရပ်ကွက်အတွင်းရှိ ဈေးဆိုင်တဆိုင်လည်း ထပ်မံတိုက်မိခဲ့ တယ်လို့ ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲစခန်းက ပြောပါတယ်။

"မောင်းလာတာက ယာဉ်နောက်လိုက်ပါ။ ယာဉ်မောင်းကအိပ်ပြီး လိုက်လာတာ။ အခုဖြစ်တဲ့ နေရာရောက်တော့ ရှေ့ကကားကို တိုက်မိတယ်။ ပြီးတော့ လမ်းဘေးကိုဆွဲချပြီး အဲ့ဒီနားက ဆိုင်တဆိုင်ကိုပါ ထပ်တိုက်မိတာပါ။ မောင်းလာတဲ့ ယာဉ်နောက်လိုက်ကတော့ ထွက်ပြေးသွားတယ်ဗျ။ ယာဉ်မောင်းမှာ တာဝန်ရှိတဲ့အတွက် ယာဉ်မောင်းကိုပဲ ကျနော်တို့ အမှုဖွင့်ပါတယ်။ အခုယာဉ်မောင်းကိုတော့ ဖမ်းမိထားပါတယ်" လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးကို ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၁/၁ နဲ့ ၁၃၁/၂ အကြားမှာ မန္တလေးကနေ ရန်ကုန်ဘက်သို့ မုံရွာမြို့နေထိုင်သူ ယာဉ်မောင်းမြင့်ဝင်း မောင်းနှင်လာတဲ့ ဆီဘောင်ဆာ ၂၂ ဘီး နောက်တွဲယာဉ်ဟာ ယာဉ်မောင်းအိပ်ငိုက်ပြီး မျက်နှာချင်းဆိုင်မှာ မောင်းနှင်လာတဲ့ ၂၂ ဘီးတပ် နနာက်တွဲယာဉ်ကို ပွတ်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ကုန်စုံဆိုင်တဆိုင်ကို ဆက်ပြီးတိုက်မိခဲ့တာပါ။

ရပ်ကွက်နေပြည်သူတဦးက "ဆီဘောက်ဆာကားက ငိုက်လာတယ်လို့ ထင်တယ်။ လမ်းပြောင်းပြန် မောင်းလာတာ အဲဒီအချိန်မှ ဒီဘက်က အတိုက်ခံရတဲ့ကားက ရပ်ထားပေး ပြီးတော့ ဟွန်း အဆက်မပြတ်တီးနေတာ၊ အဲ့ဒီမှာ ရပ်ထားပေးတဲ့ ကားကိုလည်း တိုက်တယ်။ ပြီးတော့ သူဆွဲချလိုက်တော့ အိမ်ဆိုင်တဆိုင်ထဲကို ဝင်သွားတာ တော်သေးတာပေါ့။ ရှေ့မှာ သစ်ပင်ရှိနေလို့ မရှိရင် အိမ်ထဲအထိဝင်တယ်။ သစ်ပင်ခံနေလို့ လူတွေမသေတာ" လို့ ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မြင့်ဝင်းကို ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲစခန်းက ယာဉ်(ပ) ၁၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013