DVB Logo
Home
မြန်မာသတင်း
ဇနီးဖြစ်သူ တခြားအမျိုးသားနောက် လိုက်သွားလို့ မြန်မာအလုပ်သမား မြစ်ထဲခုန်ချသေကြောင်းကြံ
DVB
·
August 1, 2017
ဇနီးဖြစ်သူ တခြားအမျိုးသားနောက် လိုက်သွားလို့ မြန်မာအလုပ်သမား မြစ်ထဲခုန်ချသေကြောင်းကြံ
Donate to DVB

 

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဒီကနေ့မနက်က မြန်မာအလုပ်သမားတဦး မယ်ပင်းမြစ်ထဲ ခုန်ချ သေကြောင်းကြံတာကြောင့် ထိုင်းရဲတွေက အချိန်မီအသက်ကယ်ဆယ်လိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မနက် ၉ နာရီကျော်က ချင်းမိုင်မြို့ ချန့်မွဲ့ရပ်ကွက် ထာ့ဝမ်းလမ်းရှိ နခွန်းဖိင်းတံတားပေါ်မှာ လူတဦး မယ်ပင်းမြစ်ထဲခုန်ချပြီး သေကြောင်းကြံဖို့ ကြိုးစားနေကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးပြီး ကယ်တင်ခဲ့တာလို့ ချင်းမိုင်ဖူးထောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲတပ်ကြပ်ကြီး ဖိထပ်ခ်ဖုန်း အိမ်အနုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ရဲတွေရောက်သွားတဲ့အချိန်မှာ ပန်းရောင်တီရှပ်၊ ဘောင်းဘီရှည်အနက်ရောင်ဝတ် အသက် ၂၀ ကျော် လူရွယ်တဦးဟာ တံတားလက်ရမ်းပေါ်ကနေ မြစ်ထဲခုန်ချဖို့ ကြိုးစားနေတာ တွေ့ရကြောင်း၊ တာဝန်ရှိသူတွေက မေးမြန်းရာမှာ သူ့အမျိုးသမီးက တခြားအမျိုးသားနောက် လိုက်သွားတဲ့အတွက် စိတ်ညစ်ပြီး အခုလိုလုပ်ရတာလို့ ဖြေပါတယ်။

ရဲတွေက သူ့ကို အတန်ကြာ ချော့မော့ဖျောင်းဖျပေမယ့် သူကတော့ မြစ်ထဲကိုသာ ခုန်ချဖို့ ပြင်နေတာကြောင့် ရဲ ၃ ဦးက တံတားလက်ရမ်းနားကို စွန့်စားသွားပြီး သူ့လက်ကို ဆတ်ကနဲ ဆွဲ ထုတ်ကာ အသက်ပြန်ကယ်ခဲ့ပါတယ်။

ရဲတွေက လူရွယ်ကို ပြန်ဆွဲခေါ်လာတဲ့နောက် အနီးနားရပ်ကြည့်နေတဲ့ ပြည်သူတွေက လက်ခုပ်လက်ဝါးတီးပြီး စွန့်စားကယ်တင်တဲ့ရဲတွေကို ချီးကျူးခဲ့ကြပါတယ်။

ရေထဲခုန်ချဖို့ကြိုးစားသူ လူရွယ်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကနေ ချင်းမိုင်မှာ ပန်းရံအလုပ် လာလုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013