DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့ပေါ်တွင် သံတုတ်ဖြင့် ရွယ်ပြီး ခြိမ်းခြောက်ငွေတောင်းမှုဖြစ်ပွား
DVB
·
August 1, 2017
ဟုမ္မလင်းမြို့ပေါ်တွင် သံတုတ်ဖြင့် ရွယ်ပြီး ခြိမ်းခြောက်ငွေတောင်းမှုဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၊ ဈေးဆိုင်တခုမှာ ဇူလိုင်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက အရှည် ၂ ပေကျော် လုံးပတ် ၃ မတ်လုံ တဖက်ချွန်သံတုတ်ချောင်းနဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်ငွေတောင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ နောင်ပကျစ်ရပ်ကွက် ရွင်ပျော်ပျော် ၂ ဈေးဆိုင်မှာ ဆိုင်ရှင်ဖြစ်သူ မအိမ ဈေးရောင်းနေစဉ် အမည်မသိအမျိုးသားတဦးက သံတုတ်ချောင်းကို အနွေးထည်အင်္ကျီနဲ့ဖုံးပြီး ပခုံးပေါ်ထမ်းလာကာ မအိမ ရှိလားဆိုပြီး ငွေထုတ်ပေးဖို့ တောင်းယူခဲ့ပါတယ်။ ဆိုင်ရှင်ဖြစ်သူက ဘာလုပ်ဖို့လည်းမေးရာ ပါလာတဲ့သံတုတ်နဲ့ချိန်ရွယ်ပြီး ပေးစရာရှိတာ ပေးလို့ပြောတဲ့အတွက် ကောင်တာအတွင်းက ဈေးရောင်းရငွေ ၅၅၀၀၀ ကျပ်ကို ထုတ်ပေးခဲ့လို့ ဆိုင်အတွင်းမှ ပြန်ထွက်သွားရာမှ မအိမက "ဓားပြ ဓားပြ" ဆိုပြီး အော်ဟစ်အကူအညီတောင်းရာ တာဝန်ပြီးဆုံး လို့ ပြန်လာတဲ့ ဒုရဲအုပ် မြင့်ဇော်နဲ့အဖွဲ့နဲ့ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။

ဖမ်းဆီးရမိသူအမျိုးသားကို စစ်ဆေးရာ ဟုမ္မလင်းမြို့ပေါ်၊ နောင်ဖွတ်မော်ရပ်ကွက်နေ အဖ ဦးသန်းအောင်ရဲ့သား အသက် ၃၁နှစ်ရှိ ဆုအောင် (ခ) ဝလေးဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုကိစ္စမျိုးတွေ မြို့နယ်အတွင်းက ရွှေမှော်တွေမှာ အရင်ကဖြစ်ပေါ်ခဲ့ဖူးပေမယ့် မြို့ပေါ်မှာတော့ ဖြစ်ပွားခဲ့တာမရှိဘူးလို့ ဟုမ္မလင်းမြို့မရဲစခန်းက သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုအောင်(ခ)ဝလေးက မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိမရှိကိုတော့ ဆေးစာအဖြေရမှ သိရမှာဖြစ်ပြီး လောလောဆယ်မှာတော့ (ပ)၃၈၃/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဟုမ္မလင်းမြို့မ ရဲစခန်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013