Home အာရှဒေသ အင်ဒိုနီးရှားမှာ ရထားခေါင်မိုးပေါ် ခရီးသည် တက်မစီးနိုင်အောင် ကွန်ကရစ် ဘောလုံးများ ချိတ်ဆွဲ
အင်ဒိုနီးရှားမှာ ရထားခေါင်မိုးပေါ် ခရီးသည် တက်မစီးနိုင်အောင် ကွန်ကရစ် ဘောလုံးများ ချိတ်ဆွဲ
indonesia_train_surfing_web_120204 အင်ဒိုနီးရှားမှာ မီးရထားတွဲ ခေါင်မိုးပေါ် တက်စီးတဲ့ ခရီးသည်တွေကို တားမြစ်ဖို့အတွက် ရထားဝန်ထမ်းတွေက တွဲခေါင်မိုးတွေရဲ့ အထက်မှာ ကွန်ကရစ် ဘောလုံးတွေ စတင်ချိတ်ဆွဲထားပါတယ်။ ဂျာကာတာမြို့ပြင် ဘူတာရုံအနီးက မီးရထားတွဲတွေရဲ့ အထက်မှာ ကွန်ကရစ်ဘောလုံးတွေ ပထမဆုံး စချိတ်ပါတယ်။ တွဲအမိုးတွေပေါ် လူတွေ ဆက်တက်နေသေးရင် နောက်ထပ် ဘောလုံးတွေ နေရာပေါင်းစုံ ချိတ်ဆွဲထားမှာ ဖြစ်ပါတယ်။ ဒီ့အရင်က ရထားပေါ် လူတက်မစီးနိုင်အောင် တွဲခေါင်မိုးနဲ့ ဘေးဘက်တွေကို ဆီတွေသုတ်လိမ်း ထားခဲ့ဖူးပါတယ်။ လုံခြုံရေးအတွက် ဂီတသမားတွေ ငှားပြီး သီချင်းတွေနဲ့ ခရီးသည်တွေကို ဖျော်ဖြေပေးပါတယ်။ ဘာမှ အလုပ်မဖြစ် ပါဘူး။ ဒါကြောင့် အခု နောက်ဆုံး ခရီးသည်တွေ ခေါင်မိုးပေါ် တက်မစီးအောင် ကွန်ကရစ်ဘောလုံးတွေ ချိတ်ခြင်း ဖြစ်ပါတယ်။ ဂျာကာတာမြို့လယ် မန်ဂါရိုင် ဘူတာရုံကို သွားကြည့်ခဲ့တဲ့ သတင်းထောက် မော်ဂန် ပီတာဆင် (Morgan Pettersson) က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ