DVB Logo
Home
မြန်မာသတင်း
တောင်ပြုံးပွဲရောက်ရှိနေသူများ မနက်ဖြန် အပြီးပြန်ရမည်
DVB
·
August 1, 2017
တောင်ပြုံးပွဲရောက်ရှိနေသူများ မနက်ဖြန် အပြီးပြန်ရမည်
Donate to DVB

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ တောင်ပြုံးပွဲတော်ကို မန္တလေးတိုင်းဒေသကြီး အစိုးရက လက်ရှိဖြစ်နေတဲ့ H1N1 ရောဂါတွေ ကူးစက်မပြန့်ပွားဖို့ ရွှေ့ဆိုင်းပြီးနောက်ပိုင်း ကျန်ရှိနေသူတွေကို မနက်ဖြန်ညနေ အပြီးပြန်ကြဖို့ ဒီနေ့ လိုက်လံ ပြောကြားနေတယ်လို့ တောင်ပြုံးပွဲတော် ရောက်ရှိနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ပွဲတော်တွင်း ရောက်ရှိနေသူတွေကို ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေက ဖျားနာမှု ရှိမရှိ အဖျားတိုင်းကိရိယာနဲ့ လိုက်လံစစ်ဆေးနေပြီး အဖျားရှိနေသူတွေကို ချက်ချင်းပြန်ဖို့ မေတ္တာရပ်ခံနေတယ်လို့ သိရပါတယ်။

တောင်ပြုံးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း ၈ ရက်နေ့ကနေပြီး ဝါခေါင်လပြည့်နေ (ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့ထိ) ကျင်းပတာဖြစ်ပြီး နေ့စဉ် လူဦးရေသိန်းချီ လာရောက်လေ့ရှိကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013