DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့၌ တရားရုံးမှ ချုပ်ရမန်ယူ ပြန်လာသည့်တရားခံ လုယူခံရ
DVB
·
August 1, 2017
ပဲခူးမြို့၌ တရားရုံးမှ ချုပ်ရမန်ယူ ပြန်လာသည့်တရားခံ လုယူခံရ
Donate to DVB

 

ပဲခူးမြို့မှာ တရားရုံးချုပ်မှ ရမန်ယူ ပြန်လာတဲ့ တရားခံ ၁ ဦးကို  လူ ၂ ဦးက တိုက်ခိုက်လုယူ သွားတယ်လို့ ပဲခူး အမှတ် ၂ နယ်မြေရဲစခန်းက ပြောပါတယ်။

ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီ ၅၀ မိနစ်လောက်က ပုဒ်မ ၃၂၆ နဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ ပဲခူးမြို့ မှော်ကန် (၂၁) လမ်း ပုဏ္ဏားစုရပ်ကွက်က အသက် ၂၁ အရွယ် တရားခံအောင်ဖြိုးဝေကို ပဲခူးမြို့နယ်တရားရုံးမှ ချုပ်ရမန်ယူပြီး အမှတ် ၂ ရဲစခန်းမှ ရဲဒုတပ်ကြပ် မြတ်ကိုကိုလှိုင် နဲ့ ရဲဒုတပ်ကြပ် ကျော်ဇင်လက် တို့အကြား လက်ထိပ်ခတ်ပြီး ဆိုင်ကယ်နဲ့ အမှတ် ၂ ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် ကလျာဏီရပ်ကွက် အရှေ့မင်းလမ်းထိပ်အရောက်မှာ ဆိုင်ကယ်တစီးနဲ့ လူ ၂ ယောက်က အနောက်က လိုက်လာခဲ့ပြီး ဆိုင်ကယ်ကို ကန်ကာ မှောက်သွားစဉ် တရားခံကို လုယူခဲ့တာပါ။

တရားခံတင်ဆောင်ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ ရဲဒုတပ်ကြပ် မြတ်ကိုကိုလှိုင်က “ဆိုင်ကယ်ကို ၀ဲဘက်ကနေ ဆောင့်ကန်လိုက်တဲ့အတွက် ဆိုင်ကယ်နှစ်စီးလုံး တိမ်းမှောက် သွားပြီး နောက်ကလိုက်လာတဲ့ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က တစ်တောင်လောက်ရှိတဲ့ ဓားရှည် နဲ့ဝှေ့ရမ်းပြီး လိုက်ခုတ်ပါတယ်။ အနီးနားမှာလည်း လူ ၃၀ လောက်ဝိုင်းကြည့်နေပေမယ့် ဘယ်သူမှ မ၀င်ရဲပါဘူး။ ရဲတွေကို မခုတ်မိပေမယ့် ဆိုင်ကယ်နဲ့ လိုက်လာသူ နှစ်ယောက်က တရားခံကို သူတို့ ဆိုင်ကယ်နဲ့နှစ်ယောက်ကြားမှာ ညှပ်ခေါ်သွားပြီး မဇင်း(၁) လမ်းထိပ်ကနေ ရန်ကုန်ဘက် အတိုင်း မောင်းနှင်ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

အခုလို ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် အမှတ် ၂ ရဲစခန်းမှ ရဲဒုတပ်ကြပ် မြတ်ကိုကိုလှိုင် နဲ့ ကျော်ဇင်လက်တို့ဟာ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာအသီးသီးရရှိပြီး ပဲခူးပြည်သူ့ဆေးရုံမှာ ပို့ဆောင်ဆေးကုသခံနေရပါတယ်။

တရားခံလုယက်ခံရမှုနဲ့ပတ်သက်ပြီး အမှတ် ၂ နယ်မြေရဲစခန်းက (ပ)၄၈၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၅/ ၂၂၄ နဲ့ အမှုဖွင့်ထားပြီး တရားခံ လုယူထွက်ပြေးသူတွေကို ပဲခူးဒုခရိုင်ရဲတပ်ဖွဲ့မှူး ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ အမှတ် ၂ စဖန်းမှူးနဲ့အဖွဲ့က တရားခံအမြန်ဆုံးဖမ်းဆီးရမိရေး အပူတပြင်း စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး(ပဲခူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013