DVB Logo
Home
မြန်မာသတင်း
ရခိုင်ရှိ ကျေးရွာ ၅၄၉ နှင့် အိမ်ခြေပေါင်း ၃၁၃၆၃ ကို ဆိုလာပြားများ တပ်ဆင်ပေးမည်
DVB
·
August 1, 2017
ရခိုင်ရှိ ကျေးရွာ ၅၄၉ နှင့် အိမ်ခြေပေါင်း ၃၁၃၆၃ ကို ဆိုလာပြားများ တပ်ဆင်ပေးမည်
Donate to DVB

 

ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းနဲ့ ဝေးကွာပြီး လျှစ်စစ်မီးမရရှိတဲ့ ကျေးရွာတွေကို သြဂုတ်လအတွင်းမှာ အပြီးသတ် တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက မဟာဓာတ်အားလိုင်းနဲ့ ဝေးကွာပြီး လျှစ်စစ်မီးမရရှိတဲ့ ကျေးရွာပေါင်း ၅၄၉ နဲ့ ရွာအိမ်ခြေပေါင်း ၃၁၃၆၃ အိမ်တွေကို ဆိုလာပြားတွေ သြဂုတ်အတွင်းမှာ အပြီးသတ် တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းတွေကိုပါ တပ်ဆင်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဆွေက ဒီဗွီဘီကိုပြောပါတယ်။

“ကျေးရွာပေါင်း ၅၄၉ ရွာနဲ့ အိမ်ခြေပေါင်း ၃၁၃၆၃ အိမ်တွေပါတယ်။ တခြားစာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းတေ၊ လမ်းမီးတိုင်တွေပါတယ်။ အခုတော့ ကျနော်တို့က ဆိုလာပြားတွေကို မြို့တိုင်းမြို့တိုင်း ဆင်နေပြီးပေါ့နော်။ ပစ္စည်းတွေကိုလည်း အကုန်ရောက်နေပြီ၊ ကျေးရွာအရောက် အကုန်ဖြန့်ထားပြီးပြီ။”

လက်တလောမှာ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်၊ ကျောက်ဖြူမြို့နယ်တို့မှာ ဆိုလာပြားတွေ တပ်ဆင်တာပြီးစီးသွားပြီး ကျန်ရှိနေတဲ့ အခြားမြို့တွေကိုလည်း သြဂုတ်လအတွင်း အပြီးသတ် တပ်ဆင်သွားမယ်လို့ ပြောပါတယ်။

ရခိုင်ဒေသခံတွေကတော့ အခုလို ဆိုလာပြားတွေ တပ်ဆင်ပေးမယ့်အစား ကျေးရွာတွေကို မဟာဓာတ်လိုင်းရအောင် ဆောင်ရွက်ပေးတာပိုကောင်းတယ်လို့ တောင်ကုတ်မြို့ ရိုးမရင်လှိုင်း ရခိုင်ရိပ်စာပီရိပ်မြုံမှ ဥက္ကဋ္ဌ ကိုရက္ခက ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်ဟာဆိုလို့ရှိရင် သယံဇာတ်တွေထွက်တေယ်။ ဂတ်စ်တို့ ဘာညာတို့ ဆိုလို့ ရှိရင်နိုင်ငံခြားကို ရောင်းစားရတဲ့အထိ ထွက်ရှိနေတယ်။ ဒါပေမယ့် ပြည်သူတွေ အဲ့ဒီအတွက် အကျိုးမြတ်ကို ဘာမှမရှိသေးဘူး။ အခုလာတဲ့ အစိုးရဲ့ စီမံကိန်းအရ ဆိုလာပြားပေးမယ်ဆိုတာ့ ဒါကျနော်တို့ရဲ့ ရခိုင်ပြည်နယ်ထဲက ရခိုင်ပြည်သူတွေကို သီးသန့် နှစ်သိမ့်မှုလေးတခု ပေးတယ်လို့ မြင်တယ်ဗျ။ ဆိုလာပြား ပေမယ့်အစား တခြားတိုင်းရင်းသားပြည်သူတွေ သုံးစွဲနေရသလို ကျနော်တို့ ရခိုင်ပြည်သူတွေကိုလည်း တောနယ်၊ တောဖျားတွေ ဝေးသီး ခေါင်းဖျားတဲ့နေရာ ဒေသအကုန်လုံးကို ဆိုလာပြားပေမယ့်အစား မဟာဓာတ်အားလိုင် ရအောင် လုပ်ပေးလိုက် ပိုပြီး အဆင်ပြေမယ့် ထင်ပါတယ်။”

ဆိုလာမီးလင်းရေးစနစ် ဆောင်ရွက်တာဟာ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အစိုးရရဲ့ ထောက်ပံ့ငွေ အပါအဝင်၊ ပြည်သူထည့်ဝင်ငွေတွေနဲ့ တပ်ဆင်ပေးနေတာလို့ ဆိုပါတယ်။ အခုလိုကျေးရွာတွေကို ဆိုလာမီးစနစ်နဲ့ မီးရရှိနေရာမှာ သတ်မှတ်စည်းမျှဉ်းတွေ ထားရှိထားတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဆွေက ဒီဗွီဘီကို ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013