DVB Logo
Home
မြန်မာသတင်း
စကားများရန်ဖြစ်ရာမှ ပုဆိန်ဖြင့်ခုတ်သတ်ကာ အလောင်းဖျောက်မှု ဖြစ်ပွား
DVB
·
August 1, 2017
စကားများရန်ဖြစ်ရာမှ ပုဆိန်ဖြင့်ခုတ်သတ်ကာ အလောင်းဖျောက်မှု ဖြစ်ပွား
Donate to DVB

 

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံဟော်ကျေးရွာမှာ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းက စကားများရန်ဖြစ်ရာမှ ပုဆိန်နဲ့ ခုတ်သတ်ကာ အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

ရင်းငြိမ်ရဲကင်းစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ်အောင်ဌေးက "ဖြစ်တာက ၃၀ ရက်နေ့၊ ညနက်ပိုင်းကတည်းကပါ။ သေဆုံးတဲ့ကောင်လေးကလည်း တဲမှာတယောက်တည်း အိပ်နေကြပါ။ မနက်မိုးလင်း သူ့အဖေက တဲထဲရောက်တော့ သူ့သားကိုမတွေ့တာနဲ့ လိုက်ရှာတော့မှ တဲရှေ့မှာ သွေးကွက်အိုင်ကိုတွေ့ပြီး လမ်းတလျှောက် ဒရွတ်တိုက်ဆွဲထားတဲ့ ပုံကိုတွေ့တော့ ရဲကို အကြောင်းကြားတာနဲ့ ဒီအမှုကွင်းဆက်ကိုလိုက်ပြီး ခုလိုဖမ်းဆီးရမိခဲ့တာပါ" လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာမှကျုံဟော်ကျေးရွာ၊ ကွင်းအမှတ် ၇၃၅ မှာ လယ်လုပ်ငန်း လုပ်ကိုင်နေသူ ဦးဇော်ဦးဟာ ဇူလိုင် ၃၁ ရက် မနက် ၈ နာရီလောက်မှာ လယ်တဲကို သွားရောက်ခဲ့ရာ တဲရှေ့မှာ သွေးအိုင်ကွက်တွေ့ရှိရတဲ့အတွက် လယ်တဲမှာ ညအိပ်နေထိုင်တဲ့ သားဖြစ်သူ တင်ကိုရှိန်(၂၅ နှစ်)ကို မတွေ့ရှိတဲ့အတွက် လိုက်လံရှာဖွေခဲ့ရာ လယ်တဲရှေ့ ကွင်းပြင်မှာ လူဆွဲထားတဲ့ အရာများတွေ့ရှိတာကြောင့် ဆယ်အိမ်မှူးကို အကြောင်းကြားခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့၊ မနက် ၁ နာရီလောက် တဲအနီးနေသူ ခင်မောင်ဌေးဆိုသူက သားဖြစ်သူ တင်ကိုရှိန် တဲအတွင်းမှ ဆူညံသံများကြားခဲ့ကြောင်း ပြောဆိုတဲ့အတွက်  အနီးပတ်ဝန်းကျင်မှာ ရှာဖွေခဲ့ရာ  ရင်းငြိမ်ဘိုင်လောင်းချောင်းဝမှာ သေဆုံးသူ တင်ကိုရှိန်ရဲ့အလောင်းကို ရေထဲမှ တွေရှိခဲ့တာပါ။

တင်ကိုရှိန်မှာ ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ လည်ဂုတ်ပြတ်ရှဒဏ်ရာ၊ ညာပုခုံး ပြတ်ရှဒဏ်ရာ၊ ယာလက်မောင်းထိပ်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ပါးပြတ်ရှဒဏ်ရာတို့နဲ့ သေဆုံးနေတာ ကို တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူ တင်ကိုရှိန်ရဲ့ လယ်တဲအနီးနေထိုင်တဲ့ ကိုစိုးဝင်း(ခ)သားပု က ဇူလိုင်လ ၃၀ ရက်နေ့၊ ညပိုင်းမှာ ကိုလှထွန်းနဲ့ အမွန်(ခ)မွန်တင် တို့နှစ်ဦးကို သေဆုံးသူတင်ကိုရှိန်ရဲ့ တဲအနီးတွေ့ရှိခဲ့ပြီး ဘယ်မသွားမလဲ မေးခဲ့ရာ တင်ကိုရှိန်တဲမှာ အမြည်းသွားတောင်းမယ်လို့ ပြောဆိုခဲ့ကြောင်း ပြောပါတယ်။

သေဆုံးသူတင်ကိုရှိန်ရဲ့ တဲအနီးနေသူတဦးဖြစ်တဲ့ ခင်မောင်ဌေးကလည်း ဇူလိုင် ၃၁ ရက် မနက် ၁ နာရီလောက်က တင်ကိုရှိန်တဲအတွင်းမှ ဆူညံသံများကြားခဲ့တယ်လို့ ထွက်ဆိုတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး လှထွန်း၊ မွန်တင်တို့ကို ပေါင်မြို့မရဲစခန်းက (ပ)၂၅၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013