DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင် မြန်မာတဦးအလောင်းတွေ့ရှိ
DVB
·
August 1, 2017
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင်  မြန်မာတဦးအလောင်းတွေ့ရှိ
Donate to DVB

 

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်မှာ ဇူလိုင် ၃၁ ရက်ညက မြန်မာ အလုပ်သမားအလောင်း တွေ့ရှိတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ည ၉ နာရီ မိနစ် ၄၀ အချိန်က ပထုန်ဌာနီမြို့ ဘန်ဖွန်းရပ်ကွက် ရန်းဆစ်စီးတီးအိမ်ယာ တတိယထပ် အခန်းတခုထဲမှာ လူသေဆုံးမှုရှိကြောင်း သတင်းပေးပို့ ချက်အရ မှုခင်းဆရာဝန်၊ နာရေးကူညီမှုအသင်းကားတွေနဲ့အတူ အခင်းဖြစ်တဲ့နေရာ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပတ်ခလောင်းရန်းဆစ်နယ်မြေရဲစခန်း ဒုရဲမှူး ဖရတေချဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေ ရောက်သွားတဲ့အခါ အခန်းထဲမှာ အပေါ်ပိုင်းဗလာ၊ ဘောင်းဘီအနက်ရောင်ဝတ်ပြီး ပက်လက်အနေအထားနဲ့ သေဆုံးနေတဲ့ လူရွယ်တဦးကို တွေ့ရကြောင်း၊ ဆရာဝန်စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၆ နာရီ နဲ့ ၈ နာရီကြားမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ ဇော်မင်းဦးဆိုသူ မြန်မာအလုပ်သမားတဦး ဖြစ်ကြောင်း၊ ထိုးနှက်ဒဏ်ရာတွေ မတွေ့ရသလို အခန်းထဲကပစ္စည်းတွေလည်း ဖယိုဖရဲမရှိဘဲ ပုံမှန်အနေ အထားဖြစ်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ လုပ်ဖော်ကိုင်ဘက် မြန်မာအလုပ်သမားတဦးဖြစ်သူ ကိုတာရဲ့ ပြောပြချက်အရ ဇော်မင်းဦးမှာ ဘန်ကထိနယ်မြေက ကုမ္ပဏီတခုမှာ အလုပ်လုပ်နေပြီး သူ့ကို ဇူလိုင် ၃၀ ရက် ည ၉ နာရီမှာ နောက်ဆုံးတွေ့ဆုံခဲ့ကြောင်း၊ နောက်တနေ့ အလုပ်ဆင်းတာမတွေ့တဲ့အတွက် ညရောက်တော့ သူ့အခန်းကို လိုက်သွားရာမှာ အခန်းတံခါးပိတ်ထားပြီး ဖွင့်လို့မရတာနဲ့ အနောက်ဘက်က ၀င်ခဲ့ကြောင်း၊ အဲဒီနောက် မလှုပ်မယှက်လဲနေတဲ့ သူ့ကို တွေ့ရတဲ့အတွက် အခန်းချင်းကပ်လျက်ကလူတွေ၊ လိုင်းမှူးနဲ့ ရပ်ကွက်လူကြီးတွေကို အသိပေးခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူသေဆုံးရတဲ့အကြောင်းရင်း သေချာစစ်ဆေးကြည့်ဖို့ ရန်းဆစ်ဗဟို ထမဆတ်ဆေးရုံကို ပို့ဆောင်ထားပြီး  ဆေးစစ်ပြီးတဲ့အခါ ဆွေမျိုးတွေအနေနဲ့ အသုဘချဖို့  ဆေးရုံမှာ အလောင်းလာသယ်နိုင်တယ်လို့ ဒုရဲမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013