DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတတိုင်းလုံး ကြက်သား ရောင်းဝယ်တင်ပို့မှု ပိတ်ပင်၊ ကျောင်းပိတ်ရက် ထပ်တိုး
DVB
·
August 1, 2017
တနင်္သာရီတတိုင်းလုံး ကြက်သား ရောင်းဝယ်တင်ပို့မှု ပိတ်ပင်၊ ကျောင်းပိတ်ရက် ထပ်တိုး
Donate to DVB

 

ထားဝယ်မှာ ကူးစက်မြန်ပြင်းထန် ကြက်ငှက်တုပ်ကွေး H5N1 တွေ့ရှိပြီးတဲ့နောက် မြို့နယ်ထဲက အခြေခံပညာကျောင်းတွေကို ရက်သတ္တတပတ်ပိတ်ခဲ့ပြီး အခု တပတ် ထပ်တိုးပိတ်ထားတယ်လို့ တိုင်းအစိုးရ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အစကတော့ ထားဝယ်မြို့နယ်မှာရှိတဲ့ အခြေခံကျောင်းတွေအားလုံးပိတ်တာ။ အခုတော့ ဖြစ်ခဲ့တဲ့ ကြက်ခြံတွေကို ဗဟိုထားပြီး ၁ ကီလိုမီတာ ပတ်လည်မှာ ရှိတဲ့ မူကြိုနဲ့ မူလတန်း အတန်းတွေကို ပိတ်တာပါ။ အဲဒါကြောင့် လောင်းလုံးနဲ့ ရေဖြူမြို့နယ်ထဲက ကျောင်းနည်းနည်းပါလာတယ်” လို့ တိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်က ပြောပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွေ လုပ်နေပြီး လုံဝကင်းစင်သွားတာ မဟုတ်သေးလို့ ကျောင်းသားတွေအတွက် စိတ်ချရအောင် ပိတ်ထားတာလို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြို့နယ် ၈ ခုမှာ ကြက်ဥ၊ ကြက်သား အပါအဝင် ဆက်စပ်တဲ့ ပစ္စည်းတွေ ရောင်းချ တင်သွင်းတာတွေကို ဇူလိုင်နောက်ဆုံးပတ်ကစလို့ ပိတ်ပင်ထားပြီး အခုတော့ တိုင်းတခုလုံးမှာ ပိတ်လိုက်ပြီလို့လည်း သူက ပြောပါတယ်။

“ကြက်သား၊ ကြက်ဥနဲ့ ဆက်စပ်ပစ္စည်းတွေ၊ အေးခဲကြက်သားတင်သွင်းခွင့်တွေ ပိတ်ထားပါတယ်။ စပြီး ပိတ်တဲ့ရက်ကနေ ၂၁ ရက် ပိတ်တာပါ။ ရက်ပြည့်ရင်တော့ ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ထပ်တိုးသင့်ရင် တိုးမယ်။ ပြည်သူတွေအနေနဲ့ အလွန်အကျွံမစိုးရိမ်ကြဖို့ ပြောချင်ပါတယ်” လို့ပြောပါတယ်။

လက်ရှိမှာတော့ နေပြည်တော်က ကျန်းမာရေးတာဝန်ရှိသူတွေလည်း ရောက်ရှိနေပြီး ရောဂါကာကွယ်နှိမ်နင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ကူးစက်မြန် ပြင်းထန်ကြက်ငှက်တုပ်ကွေး H5N1 အတွက် လက်ရှိမှာ ကုသနိုင်တဲ့ ဆေးမရှိသေးပဲ လူကို ကူးစက်ခံရရင် အသက်အန္တရာယ်ရှိပါတယ်။ ရောဂါဖြစ်တဲ့နေရာတွေကို ရှင်းလင်းပြီး နောက်ထပ် ရက် ၉၀ ကြာမှ ထပ်မံစစ်ဆေးပြီး ပိုးမတွေ့တော့မှ ရောဂါကင်းရှင်းတယ်လို့ ကြေညာနိုင်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013