DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအစိုးရဟောင်း လက်ထက်စာရင်းပျောက်ငွေ ကျပ်သိန်းပေါင်း ၃၂၅၀၀ ပြန်ပေးပြီး
DVB
·
August 1, 2017
မကွေးတိုင်းအစိုးရဟောင်း လက်ထက်စာရင်းပျောက်ငွေ ကျပ်သိန်းပေါင်း ၃၂၅၀၀  ပြန်ပေးပြီး
Donate to DVB

 

မကွေးတိုင်းဒေသကြီး အစိုးရဟောင်းလက်ထက်မှာ စာရင်းပျောက်နေတဲ့ ငွေ ကျပ်သိန်းပေါင်း ၃၂၅၀၀  ပြန်ရပြီလို့ တိုင်းအစိုးရ ပြောရေးဆိုခွင့်အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဒီနေ့ နေ့လယ်ပိုင်းက ဘဏ်မှာ လာသွင်းတာပါ။ ကျနော် အမှတ်မမှားဘူးဆိုရင် ၁၁ ကြိမ်မြောက် လာသွင်းတာပါ”  လို့ တိုင်းအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။

အရင်အစိုးရလက်ထက်က ရရှိခဲ့ပြီး အစိုးရသစ်ကို လွှဲပြောင်းမပေးခဲ့တဲ့ စာရင်းပျောက် ရန်ပုံငွေကိစ္စကို လွှတ်တော်မှာ မေးမြန်းခဲ့ပြီးနောက်  ပြည်ထောင်စုအစိုးရက စုံစမ်းရာမှာ ရေနံလက်ယက်တွင်းတွေကနေ ကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်အထိ ရခဲ့တယ်လို့ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက မကွေးတိုင်းကြံ့ခိုင်ရေးပါတီအတွက် ကျပ်သိန်းပေါင်း တစ်သောင်း ခုနစ်ထောင်၊ ရွှေသုခ လူမှုရေးအသင်းအတွက် ကျပ်သိန်းပေါင်း တစ်သောင်းခွဲသုံးစွဲခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ တာပါ။

အဲဒီငွေတွေကို လက်ရှိအစိုးရကို ပြန်အပ်ဖို့  နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားခဲ့ပြီး အရစ်ကျ ပြန်သွင်းမယ်လို့  မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်းက အကြောင်းပြန်ကြားခဲ့ပါတယ်။

အဲဒီနောက် ဧပြီ ၂၉ ရက်မှာ ကားလေးစီးနဲ့ ဘက်ဟိုးတစ်စီးကို ပြန်အပ်ခဲ့ပြီး ငွေတွေကိုလည်း အလီလီ အရစ်ကျ ပြန်လည်ပေးသွင်းခဲ့တာပါ။

အရင် ဝန်ကြီးချုပ်ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးကြည်ထွန်းက မြန်မာ့စီးပွားရေးဘဏ်မှာ လက်ရှိအစိုးရရဲ့ ရငွေစာရင်းကို ထည့်သွင်းတာပါ။

“ဒါက ပြည်သူ့ဘဏ္ဍာငွေပါ။ လတ်တလော မှာတော့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းအရ သုံးလို့မရပါဘူး။ အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့ သုံးမလား။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆုံးဖြတ်မလားဆိုတာကို စဉ်းစားနေတုန်း ဖြစ်ပါတယ်” လို့ ဦးနေမျိုးကျော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013