DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် မြေတူးရာမှ သေနတ်နှင့်ကျည်ဆန်ဟောင်းများ တွေ့ရှိ
DVB
·
August 1, 2017
မုံရွာတွင် မြေတူးရာမှ သေနတ်နှင့်ကျည်ဆန်ဟောင်းများ တွေ့ရှိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှာ မြေတူးရာကနေ သေနတ် ၁ လက်နဲ့ ကျည်ဆန်အဟောင်းတွေ တွေ့ရှိခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ နေ့လယ် ၁ နာရီလောက်က မုံရွာမြို့နယ်၊ အလုံရပ်ကွက်၊ စစ်ပင်ရပ် အမှတ် ၃၉ သစ်စက်အဆောက်အဦဟောင်းကို ရပ်ကွက်ဆေးပေးခန်းနဲ့ စာသင်ကျောင်း ဆောက်လုပ်ဖို့ ဖြိုချရှင်းလင်းရာမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အုတ်ခဲပုံတွေအောက် မြေကြီးအတွင်းက ဆွေးမြေ့နေတဲ့ စတင်းဂန်း ၁ လက်ကို စတင်တွေ့ရှိခဲ့ပြီး အလုံနယ်မြေရဲကင်းစခန်းကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရဲကင်းမှူးနဲ့ တပ်ဖွဲ့ဝင်အချို့ လာရောက်ပြီး ပတ်ဝန်းကျင်ကို ဆက်ရှာရာမှ စတင်းဂန်းကျည်ကတ်လွတ် ၄ ခု၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည် ၁၀၁ တောင့်နဲ့ ဗုံး ၁ လုံးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

တွေ့ရှိခဲ့တဲ့ လက်နက်ခဲယမ်းအဟောင်းတွေကို အမှတ် ၇၄၇ တပ်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013