
ရန်ကုန်မြို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ စိုးရိမ်စရာအခြေနေ မရှိသေးပေမယ့် ကြက်သားဈေးကွက်ဟာ ထက်ဝက်လောက်ကျဆင်းနေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။
ဇူလိုင် ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ တိမွေးကုဌာနတို့ အရေးပေါ် အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
မရမ်းကုန်းမှာတွေရှိရတဲ့ ကြက်တုပ်ကွေးကြောင့် သေဆုံးတဲ့ ကြက်သုံးကောင်ဟာလည်း အသားစား စီးပွားဖြစ်မွေးတဲ့ ကြက်တွေမဟုတ်ဘဲ တိုက်ကြက်တွေသာဖြစ်တယ်လို့ မွေးမြူရေး ပညာရှင် ဒေါက်တာ လှလှသိန်းက ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ စီးပွားဖြစ် အသားတိုးကြက်နဲ့ ကြက်ဥလုပ်ငန်းတွေမှာ ရောဂါမဖြစ်အောင် ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
ရာသီတုပ်ကွေး A(H1N1) နဲ့ ကြက်တုပ်ကွေး H5N1 တို့ဟာ ဆက်စပ်မှုတခုမှ မရှိဘူးလို့ ပြောပါတယ်။
ရန်ကုန်မြို့ဟာ နေ့စဉ်ကြက်ကောင်ရေ ၁ သိန်းလောက် ရောင်းချနေပေမယ့် လက်ရှိမှာ စားသုံးသူတွေက စိုးရိမ်စိတ်မြင့်တက်နေတာကြောင့် ထက်ဝက်လောက် အရောင်းအဝယ် ကျဆင်းသွားပါတယ်။
သတင်း - ပြည့်ဖြိုး











