DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် အထောက်အထားမဲ့သူများ ၅ ရက်အတွင်း ၂ သိန်းနီးပါး မှတ်ပုံတင်
DVB
·
July 31, 2017
ထိုင်းရောက် အထောက်အထားမဲ့သူများ ၅ ရက်အတွင်း ၂ သိန်းနီးပါး မှတ်ပုံတင်
Donate to DVB

 

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်သူတွေကို ထိုင်းအစိုးရက စိစစ်မှတ်ပုံတင်နေရာမှာ ပထမ ၅ ရက်အတွင်း လာရောက်မှတ်ပုံတင်သူ ၂ သိန်းနီးပါးရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါ တယ်။

ဇူလိုင်လ ၂၄ မှ ၂၈ ရက်နေ့ထိ ၅ ရက်အတွင်း အလုပ်ရှင် ၅၈၀၆၆ ဦးမှ သူတို့ရဲ့ အလုပ်သမားပေါင်း ၁၉၀,၉၂၆ ဦးကို လာရောက်မှတ်ပုံတင်ပေးခဲ့တယ်လို့  ထိုင်းအလုပ်သမားဝ န်ကြီးဌာန ပြောခွင့်ရ နိုင်းအနန်တချိုင်း ဥထိုင်းဖတ်ထနားချိပ်က ပြောကြောင်း အလုပ်သမား ၀န်ကြီး ဌာန ၀က်ပ်ဆိုက်မှာ ဖော်ပြပါတယ်။

အဆိုပါ အလုပ်သမားတွေမှာ အများစုက ဘန်ကောက်၊ ဆမွတ်ပရကန်၊ ရနောင်း၊ ပထုန်ဌာနီနဲ့ နွန်ထပူရီမှာရှိတဲ့ စိုက်ပျိးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်အကူ စတဲ့ လုပ်ငန်းခွင်က ဖြစ်ပြီး  မြန်မာနိုင်ငံသားက အများဆုံးပဲလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့အလုပ်သမား ၂ သန်းကျော်ရှိမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး နိုင်းဝရားနွန်း ပိတိဝမ်းက ခန့်မှန်းပြီး တချို့က မိခင်နိုင်ငံပြန်ပြီး အမ် အိုယူ အလုပ်သမားကတ် ပြန်လုပ်ကာ ဒီ ၁၅ ရက်အတွင်း တနိုင်ငံလုံးရှိ စင်တာပေါင်း ၁၀၀ ကနေ အလုပ်သမားပေါင်း တစ်သန်းခွဲကို စိစစ်ပေးနိုင်မယ်လို့  သတင်းမီဒီယာတွေကို ပြောထား ပါတယ်။

ဒါပေမယ့် အလုပ်သမားတွေကြားထဲမှာတော့ အလုပ်ရှင်ရှာမရတဲ့ ပြဿနာတွေ ရှိနေသေးတယ်လို့ ချင်းမိုင်အခြေစိုက်  မက်ပ်ဖောင်ဒေးရှင်း ရွှေ့ပြောင်းလုပ်သားကျန်မာရေးနဲ့ ပညာပေး အစီအစဉ်က ထောင်းန်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မနေ့က ချင်းမိုင်မှာ အလုပ်သမားရှာဖွေခန့်ထားရေးရုံးက တာဝန်ရှိသူတွေနဲ့ အလုပ်သမား တွေ့ဆုံရှင်းလင်းပွဲလုပ်တယ်၊  တာဝန်ရှိသူတွေက ဒါဟာ နောက်ဆုံးအခွင့် အရေးဖြစ်တယ်။ နောက်ဆို လက်မှတ်မရှိတဲ့သူတွေ မှတ်ပုံတင်ပေးတော့မှာမဟုတ်ဘူး။ ချင်းမိုင်မှာ ၅ ရက်အတွင်း လာပြီး မှတ်ပုံတင်တဲ့အလုပ်သမားက ၁ သောင်းကျော်ပဲရှိသေးတယ်။ လာလုပ်ကြဖို့ တိုက်တွန်းတယ်ပေါ့နော်၊ ဒါပေမယ့် ကိုယ့်အလုပ်သမားကိုယ် မှတ်ပုံမတင်ပေးရဲတဲ့ အလုပ်ရှင်တွေကလည်း ရှိနေတယ်။ တချို့လည်း လက်မှတ်လုပ်ပေးပြီးရင် အလုပ်သမားက သူတို့နဲ့ မနေတော့ဘူးလို့ ပြောတယ်။ အငှားအလုပ်ရှင်တွေ ပွဲစားတွေနဲ့လည်း မလုပ်ရဲဘူး၊ အဲဒီပြဿနာ ရှိနေပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဦးကျော်သောင်းကလည်း ထိုင်းအလုပ်သမားဥပဒေက သူတို့နိုင်ငံလုံခြုံရေးအတွက် အလုပ်သမားတွေဟာ ကိုယ်နဲ့မှတ်ပုံတင်လုပ်ထားတဲ့ အလုပ်ရှင်ဆီမှာပဲ နေရမယ်လို့ဆိုပေမယ့် ရွှေ့ပြောင်းအလုပ်သမားတို့သဘာဝ အလုပ်ရှင်နဲ့ မပြေလည်တာ၊ လုပ်ငန်းခွင်အဆင်မပြေတာ ရှိတယ်လို့ ပြောပါတယ်။

“တချို့ ထိုင်းအလုပ်ရှင်တွေက ကိုယ့်အလုပ်သမားအတွက် မှတ်ပုံတင်ပေးဖို့ ၀န်လေးနေတာလည်း ကျနော်တို့တွေ့ရတယ်။ သူတို့က အလုပ်ရှင်နဲ့အလုပ်သမား အစစ်ဟုတ်မဟုတ် ဌာနပေါင်း ၅ ခုက တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းမယ်ပြောလို့ အဲဒါကြောက်နေတာလားမသိဘူး။ နောက်ပြီး ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့အတိုင်း  ရွှေ့ပြောင်းနေရတော့  ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းဘောင်အတိုင်း မှတ်ပုံတင်ထားတဲ့အလုပ်ရှင်နဲ့ဘဲနေရမယ့် ဆိုတဲ့ဘောင်အကုန် ၀င်ဖို့တော့ အရမ်းကို ခက်ခဲပါ တယ်။ နယ်စပ်စခန်းမှာ စီအိုင်အစိမ်းရောင်စာအုပ် လုပ်တဲ့နေရာမှာလည်း သူတို့ကြေညာသလို ဆဲဗဲင်းအီလဲဗင်းဆိုင်မှာ ၃၁၀ ဘတ်သွင်းတာနဲ့တင် မပြီးဘူး၊ နယ်စပ်စခန်းမှာ ၇၀၀၊ ၈၀၀ ထပ်ပေးရတာရှိတယ်။ အဲဒီက လူတွေက တိုကင်ပြားကြိုတင်ဝေပေးနေတာ၊ ပိုက်ဆံအ ကုန်ခံနိုင်ရင် တိုကင်စောစောရတယ်။ တပြားမှမပေးဘဲ ပုံမှန်အတိုင်းသွားရင်တော့ ၁ လ၊ ၂ လ ချိန်းပါလိမ့်မယ်။ အခုပြောနေတဲ့ အဆင့်တိုင်းမှာ ကျနော်တို့ သက်သေတွေရှိပါတယ်။”

အလားတူ အမ်အိုယူအလုပ်သမားကတ်မှာလည်း ပွဲစားကနေတဆင့်  လုပ်မှ လွယ်ကူမယ့် သဘောဆိုတော့ ဒီလိုအခက်အခဲတွေကြောင့် အလုပ်သမားတွေက သူတို့ထင်သလောက် လက်မှတ်လာ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဦးကျော်သောင်းက ခန့်မှန်းပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013