DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း တိမွေးကု အတည်ပြု
DVB
·
July 31, 2017
ရန်ကုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း တိမွေးကု အတည်ပြု
Donate to DVB

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ အိမ်မွေးကြက်တချို့ သေဆုံးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ H5N1 ကြက်ငှက်တုပ်ကွေးဖြစ်တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဒီနေ့ ဇူလိုင် ၃၁ မှာ ထုတ်ပြန်ပါတယ်။

မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်မှာ ခြံမရှိပဲ မွေးမြူထားပြီး သစ်ပင်တွေပေါ်အိပ်တဲ့ ကြက်တချို့ သေဆုံးခဲ့တာကြောင့်  စစ်ဆေးခဲ့ပြီး အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။

   အများအပြားမွေးထားတာ မဟုတ်ပဲ ကြက်အကောင် ၂၀ ကျော်ရှိတာမှာ ၃ ကောင် သေဆုံးခဲ့ပြီး မသင်္ကာလို့ စစ်ဆေးခဲ့တာပါ။

ကျန်တဲ့ကြက်တွေကိုလည်း တိမွေးကုဌာနက သုတ်သင်ရေးနည်းလမ်းပြ ဦးဆောင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဟာ မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၈ ကြိမ် ကျရောက်ခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖြစ်ခဲ့တဲ့နေရာတွေမှာ ပိုးသတ်ဆေးဖြန် ရောဂါထိန်းချုပ်တာ၊ ဟောပြောတာတွေ လုပ်နေပြီး ကြက်ငှက်တွေ ရုတ်တရက်သေဆုံးတာရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွေကို အကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013