DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတွင် ရေကြီးမှုကြောင့် ကျောင်း ၂၀ ကျော် ယာယီပိတ်ထားရ
DVB
·
July 31, 2017
ကြာအင်းဆိပ်ကြီးတွင် ရေကြီးမှုကြောင့် ကျောင်း ၂၀ ကျော် ယာယီပိတ်ထားရ
1 / 3
Donate to DVB

 

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာ တောင်ကျရေကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ထားရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “ကျောင်းထဲ ရေတွေဝင်လာလို့ သွားရ၊ လာရ ခက်ခဲလို့ ကျောင်းတွေကို ပိတ်ထားတာဖြစ်တယ်။ ကျောင်းမှာ စာသင်မရတော့လို့၊ ကလေးတွေ သွားရေးလာရေးခက်လို့ အန္တရာယ်များမှာစိုးလို့ ပိတ်တဲ့သဘောပါ” လို့ ပြောပါတယ်။

ဇူလိုင် ၂၉ ရက်ကစပြီး ဟောင်သရော မြစ်ရေလျှံကာ တောင်ကျရေတွေကြောင့် ဇူလိုင် ၃၁ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့အပါအ၀င် စာသင်ကျောင်း ၂၄ ကျောင်းကို ယာယီပိတ်ထားရပြီး လူနေအိမ် ၂၀၀ ကျော်က ရေဘေးသင့်ပြည်သူ ၉၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

ကရင်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားကြောင်း ကရင်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီအောင်က ပြောကြားပါတယ်။

“အစ်မတို့ဌာနအနေနဲ့ အဲ့ဒီကြာအင်းဆိပ်ကြီးမှာ ရေဘေသင့်ပြည်သူ ၉၀၀ ကျော်အတွက် ဆန်နဲ့ ငါးသေတ္တာတွေ ထောက်ပံ့ပေးနေပါတယ်။”

အလားတူ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းပေါ်ရှိ ဘေလီတံတားနှစ်စင်း တောင်ကျရေကြောင့် ရေတိုက်စားပြီး ဇူလိုင် ၂၆ ရက်နေ့က မျောပါသွားလို့ လမ်းခရီး ပြတ်တောက်နေတယ်လို့ သိရပါတယ်။

သတင်း - အာကာမင်း၊ ဓာတ်ပုံ- Myat Oo Thar

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013