DVB Logo
Home
မြန်မာသတင်း
Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်း အာမခံရရှိ
DVB
·
July 31, 2017
Myanmar Now အယ်ဒီတာချုပ်  ဦးဆွေဝင်း အာမခံရရှိ
1 / 2
Donate to DVB

 

မနေ့ညက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကို ဒီကနေ့ ညနေ ၄ နာရီကျော်လောက်က တရားသူကြီးက အာမခံပေးကြောင်း မဟာအောင်မြေ တရားရုံးမှာ  အမိန့်ချမှတ်လိုက်ပါတယ်။

“ဟုတ်ပါတယ်။ ဦးဆွေဝင်း သိန်း ၅၀ နဲ့ အာမခံရပါတယ်။ လူ ၂ ယောက်အာမခံပေးရပါတယ်။ အခုနကပဲ အမိန့်ချတယ်။ နောက်ရုံးချိန်းကို လာမယ့် ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုပါတယ်။” လို့ တရားရုံးကိုလိုက်လံနားထောင်ခဲ့တဲ့ Myanmar Now သတင်းထောက် ကိုထက်ခေါင်လင်းက ပြောပါတယ်။

ဦးဆွေဝင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ Myanmar now ရုံးကို တာဝန်တွေ လွှဲပြောင်းပေးဖို့ အသွားမှာ အရင်စွဲဆိုထားတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) အမှုနဲ့ပဲ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရတာဖြစ်တယ်လို့ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။

ဆရာတော် ဦးဝီရသူနဲ့ပတ်သက်တဲ့ မိန့်ကြားချက်ကို ဦးဆွေဝင်းက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာကို မကျေနပ်တဲ့အတွက် မဘသ အဖွဲ့ဝင်ဖြစ်တဲ့ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခဲ့တာပါ။

ကိုဆွေဝင်းဖမ်းခံရတဲ့ဖြစ်စဉ် အသေးစိတ်မသိရှိရသေးတဲ့အတွက် အဲဒီကိစ္စအပေါ် မပြောချင်သေးဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

“ဖြစ်စဉ်အသေးစိတ်ကတော့ တိတိကျကျ မသိရသေးတော့ အဲဒါကိုတော့ မပြောချင်သေးဘူး။ ဒါပေမယ်လို့ မနေ့တနေ့ကဘဲ ပြီးခဲ့တဲ့ အပတ်ထဲက မီဒီယာအဖွဲ့အစည်းတွေရယ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးရယ် ဆွေးနွေးပွဲလုပ်တယ်။ ဆွေးနွေးပွဲလုပ်တယ်ဆိုတာက အဓိကက ဒီလိုကိစ္စတွေအတွက်ကို ညှိနှိုင်းဆောင်ရွက်လို့ ရအောင်၊ နောက်ထက်ဖြစ်ပေါ်လာလို့ရှိရင် ဘယ်သူတွေ၊ ဘယ်သူတွေကို ဆက်သွယ်ဆောင်ရွက် လို့ရအောင် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဖွဲ့စည်းဖို့ လုပ်နေတယ်။ အဲဒီလို ညှိနှိုင်းဖြေရှင်းရေးလုပ်နေတဲ့ အစီစဉ်လေးတခုရအောင် တည်ဆောက်နေတယ်။ အခုဒီကိစ္စဖြစ်တော့ အဲဒီအစီအစဉ် တည်ဆောက်ရေးလုပ်ငန်းဟာ ထက်ပြီးတော့ ဆောင်ရွက်ရမယ်ပေါ့နော်။ ကေ့စ်တွေကတော့ တစ်ခုနဲ့ တစ်ခုမတူဘူးပေါ့။ စောစောကပြောတဲ့အတိုင်းပဲ ညှိနှိုင်းဆောင်ရွက်မယ့်အစီစဉ်ကို ပြည့်ပြည့်စုံစုံဖြစ်အောင် ဆက်ပြီးတော့ လုပ်နေတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013