DVB Logo
Home
မြန်မာသတင်း
တောင်ကျချောင်းရေကြောင့် ဆောက်လုပ်ပြီး ၂ လခန့်သာရှိသေးသည့်တံတား ရေထဲမျော
DVB
·
July 31, 2017
တောင်ကျချောင်းရေကြောင့် ဆောက်လုပ်ပြီး ၂ လခန့်သာရှိသေးသည့်တံတား ရေထဲမျော
Donate to DVB

 

၂၀၁၇ ခုနှစ်မေလက တည်ဆောက်ခဲ့တဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ရူးရွာအောက်ပိုင်းမှ ဒုက္ကံကျေးရွာကို ဆက်သွယ်ထားတဲ့ ရူးချောင်းကျော် အောင်မြေသာယာလူကူးတံတားတစင်း တောင်ကျချောင်းရေ တဟုန်းထိုး စီးလာကျလာမှုတွေကြောင့် ရေထဲမျောပါ ပျက်စီးခဲ့ရပြီး နေအိမ်တွေလည်း ရေနစ်မြုပ်ခဲ့ရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်က တောင်ကျချောင်းရေတဟုန်းထိုး စီးကျလာမှုတွေကြောင့် တံတားပျက်စီးခဲ့ရတဲ့အပြင် ရူးချောင်းလွဲရေဘောင်ကို ကျော်လွန်ပြီး ရူးကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာကအိမ်တွေကို ရေနစ်မြုပ်ခဲ့ပါတယ်။

အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က “ညနေ ၆ နာရီခွဲလောက် တောင်ကျရေကျတယ်။ ည ၇ နာရီအချိန်လောက်မှာ ရပ်သွားတယ်။ အဲ့ဒီနာရီဝက်အတွင်းမှာ တောင်ကျရေတွေ အများကြီး ကျတယ်။ မိုးရွာတာလည်း မဟုတ်ဘူးဗျ။ ကျနော်တို့ အမ်း-စစ်တွေကားလမ်းဟာ ရေးပြည့်ရေလျှံတာ မရှိဘူးခင်ဗျ။ တံတားကတော့ သုံးပုံတပုံ ပါသွားတယ်။ ရွာဘက်ကဆိုရင် အနည်းငယ်ပါသွားတယ်။ ပြီးတော့တံတားရဲ့တိုင် ၂ တိုင်ပါ သွားတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

တောင်ကျချောင်းရေဟာ တဟုန်ထိုးစီးလားကျလာမှုတွေကြောင့် နေအိမ်တွေ၊ စက်လှေတွေ မျောပါခဲ့ရပြီး ကျေးရွာမှာ သိုလှောင်ထားတဲ့ စပါးအချို့လည်း ရေထဲမျောပါသွားပြီး ပျက်းစီးဆုးရှုံးသွားပါတယ်။

အနီးအနားက ကျေးရွာတွေက ဒီတံတားကို အမှီပြုသွားလာနေကြတဲ့ ဒေသခံတွေကတော့ အခတ်ကြုံနေရတယ်လို့ ရူးကျေးရွာဒေသခံ လယ်သမားတွေက ဒီဗွီဘီကိုပြောဆိုပါတယ်။

ဒီတံတားကို ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်ငွေ ကျပ်သိန်း ၁၀၀ အပါအဝင် ရူးကျေးရွာအုပ်စုတွေက ကိုယ်ထူးကိုယ်ထစနစ်နဲ့ ၂၀၁၇ ခုနှစ် မေလတုန်းက စတင်တည်ဆောက်ခဲ့တာပါ။

ရူးကျေးရွာအောက်ပိုင်းမှ ဒုက္ကံကျေးရွာကို ဆက်သွယ်ထားတဲ့ ရူးချောင်းကျော် အောင်မြေ သာယာကုန်းတံတား အရှည်ဟာ ပေ ၂၀၀ ဝန်းကျင်ရှိပြီး တံတားပျက်းစီးသွားတာနဲ့ပတ်သက်လို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူတွေ လာရောက်ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013