DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်များ စည်းကမ်းဖောက်ဖျက်မရှိအောင် Control Center များမှ ထိန်းချုပ်မည်
DVB
·
July 31, 2017
Donate to DVB

 

ရန်ကုန်ဘတ်စ်ကားလိုင်းတွေက YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်မှုမရှိရအောင် Control Center ကနေတဆင့် ထိန်းချူပ်သွားမယ်လို့ YUPTကုမ္ပဏီက ပြောပါတယ်။

YBS ယာဉ်တွေအချင်းချင်း အပြိုင်အဆိုင်မောင်းနှင်တာတွေ၊ ကားပေါ်မှာ ခရီးသည်တွေကို မဖွယ်မရာပြုလုပ်တာတွေနဲ့ ခရီးသည်တွေက ယာဉ်စီးခထည့်၊ မထည့်စတာတွေကို CCTV ကင်မရာတွေကနေတဆင့် Control Center ကနေ ထိန်းချူပ်သွားမယ်လို့ဆိုတာပါ။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်တဲ့ ကုမ္ပဏီ YUPT လက်အောက်မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်မှု မရှိအောင် အခုလို Control Center ကနေ တဆင့်ထိန်းချူပ်သွားမယ်လို့ YUPT ကုမ္ပဏီက တာဝန်ရှိသူ တဦးက ပြောပါတယ်။

YUPT ကုမ္ပဏီက Operation မန်နေဂျာ ဦးအေးသောင်း က “စည်းကမ်းဖောက်ဖျက်မှုရှိတဲ့ ယာဉ်တွေကို YRTA က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း အရေးယူမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး ဥပဒေနဲ့ငြိစွန်းတဲ့ ကိစ္စတွေပေါ်ပေါက်လာခဲ့ရင်လည်း တရားရုံးမှာ စွဲချက် တင်ပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။ Control Center အနေနဲ့ စည်းကမ်းလိုက်နာမှုမရှိတဲ့ ကားတွေရဲ့ အချက်အလက်တွေ မှတ်တမ်းတွေကို အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်အောင် Server မှာ ထည့်သွင်းထားတဲ့ စနစ်ကို အသုံးပြုထားပါတယ်”လို့ ပြောပါတယ်။

Asia Starmar Transport Intelligent ကုမ္ပဏီ အုပ်ချုပ်ရေးအကြီးအကဲ ဒေါ်ယဉ်ယဉ်ခင် က “YUPT ကုမ္ပဏီလက်အောက်မှာရှိတဲ့ YBSယာဉ်လိုင်း ၂၁ လိုင်းမှ YBS ယာဉ်တွေအားလုံး ကို Control Center ကနေ ထိန်းချုပ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ YBS 7 ယာဉ်လိုင်းတလိုင်း တည်းကိုသာ ထိန်းချုပ်နိုင်သေးတာပါ။ ယာဉ်လိုင်းအားလုံး ထိန်းချုပ်နိုင်ဖို့အတွက်ကို လတ်တလောမှာတော့ ကားအားလုံးမှာ CCTV တပ်ဆင်မှုတွေကို လုပ်ဆောင်နေတယ်”လို ဆိုပါတယ်။

YUPT ကုမ္ပဏီရဲ့ Control Center ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ YUPT ရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအ၀င် YRTA မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013