DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ ယာဉ်မောင်းလိုင်စင် လျှောက်ထားနိုင်
DVB
·
July 31, 2017
မသန်စွမ်းသူများ ယာဉ်မောင်းလိုင်စင် လျှောက်ထားနိုင်
Donate to DVB

 

ကိုယ်လက်အင်္ဂါမပြည့်စုံတဲ့ မသန်စွမ်းသူတွေ  ယာဉ်မောင်းလိုင်စင် လျှောက်ထားတာ ငြင်းပယ်ခြင်းမရှိဘဲ လိုင်စင်ထုတ်ပေးနေတယ်လို့    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဦးမျိုးကျော်ကပြောပါတယ်။

ဇူလိုင် ၃၁ ရက်  ပြည်သူ့လွှတ်တော်  အစည်းအဝေးမှာ  ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ  လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးခင်မောင်မောင် က ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရာမှာ ကိုယ်အင်္ဂါမပြည့်စုံသူတွေရဲ့ လျှောက်ထားမှုကို ငြင်းပယ်ခံနေရတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှ လာရောက်ဖြေကြားသွားတာပါ။

ဒု-ဝန်ကြီး ဦးမျိုးကျော်က ကိုယ်လက်အင်္ဂါမပြည့်စုံသူတွေရဲ့  ယာဉ်မောင်းလိုင် စင်လျှောက်ထားမှုတွေကို  ငြင်းပယ်ခြင်းမရှိဘဲ ပဏာမမော်တော် ယာဉ်မောင်းနှင်မှု စစ်ဆေးပြီး ယာဉ်ကိုအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်းမရှိတဲ့  အခြေအနေဖြစ်မှသာ ဆက်လက်ဖြေဆိုဖို့ ငြင်းပယ်ပြီး ယာဉ်ကိုအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ဖို့  ဆက်

လက်ဖြေဆို အောင်မြင်ပါက လိုင်စင်ထုတ်ပေးနေတယ်လို့ လွှတ်တော်မှာ ပြောသွားပါတယ်။

၂၀၁၆   ဇန်န၀ါရီလမှ ၂၀၁၇   ဇူလိုင်လအထိ ကိုယ်လက်အင်္ဂါ မပြည့်စုံ မသန်စွမ်းတာကြောင့် ယာဉ်ကို ကောင်းမွန်စွာမောင်းနှင်ခြင်းမရှိ သူ (၃) ဦးကိုသာ ယာဉ်မောင်းလိုင်စင်ဖြေဆိုဖို့ ငြင်းပယ်ခဲ့ပြီး အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ကြောင်း စိစစ်တွေ့ရှိတဲ့ ကိုယ်လက်အင်္ဂါ မပြည့်စုံသူ (၆၂) ဦးကို ယာဉ်မောင်းလိုင်စင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013