DVB Logo
Home
မြန်မာသတင်း
ပညာရေးသီးသန့်ရုပ်သံလိုင်းထုတ်လွှင့်ရန် ပြည်သူ့လွှတ်တော်အတည်ပြု
DVB
·
July 31, 2017
ပညာရေးသီးသန့်ရုပ်သံလိုင်းထုတ်လွှင့်ရန် ပြည်သူ့လွှတ်တော်အတည်ပြု
Donate to DVB

 

ပညာရေးသီးသန့် ရုပ်မြင်သံကြားလိုင်းထုတ်လွှင့်ဖို့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပေ မယ့်  ချက်ချင်းလုပ်ဆောင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

ဇူလိုင် ၃၁ ရက်  ပြည်သူ့လွှတ်တော်မှာ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုအထောက်အပံ့ ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေဖို့ အစိုးရရဲ့ ပညာရေး ရုပ်သံလိုင်း တလိုင်း သီးသန့်ထုတ်လွှင့်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အပြီးသတ် ဆွေးနွေးအတည်ပြုခဲ့ပါတယ်။

ဒီအဆိုအပေါ် ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြိုဆိုထောက်ခံဆွေးနွေးခဲ့ပေမယ့်လည်း ချက်ချင်းလုပ်ဆောင်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ပညာရေးရုပ်သံလိုင်းထုတ်လွှင့်မှုမှာ အဓိကပါဝင်ပတ်သက်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ကတော့ ရုပ်သံထုတ်လွှင့်ပေးဖို့ အခက်အခဲမရှိပေမယ့် စက်ပစ္စည်းလိုအပ်ချက်တွေနဲ့ ထုတ်လွှင့်မှု ကုန်ကျစရိတ်တွေကိုတော့ ပညာရေးဝန်ကြီးဌာနက အကုန်အကျခံရမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။

ဇူလိုင် ၃၁ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်း ၆ ခုမေးမြန်းဖြေဆိုခဲ့ပြီး ဥပဒေကြမ်းတစ်ခုတင်သွင်းခြင်း၊ စာကြည့်တိုက်ဖွံ့ဖြိုးရေး အစိုးရက ကူညီပေးဖို့ တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်းနဲ့ ပညာရေးရုပ်သံလိုင်းထုတ်လွှင့်ရေးအဆို ဆွေးနွေး အတည်ပြုခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013