DVB Logo
Home
မြန်မာသတင်း
ဆေးစွဲ​မိဘကြောင့် အာဟာရပြတ်​​နေသည့် ကလေး၂ ဦးကို နိုင်ငံတော်ကစောင့်ရှောက်မည်
DVB
·
July 31, 2017
ဆေးစွဲ​မိဘကြောင့် အာဟာရပြတ်​​နေသည့် ကလေး၂ ဦးကို နိုင်ငံတော်ကစောင့်ရှောက်မည်
Donate to DVB

 

မူးယစ်ဆေးစွဲနေတဲ့ မိဘကြောင့် အာဟာရပြတ်လို့ ထွက်ပြေးလာတဲ့ ကလေးငယ် ၄ ဦး ထဲ မသေဘဲကျန်ရှိတဲ့ ကလေး ၂ ဦးကို ယာယီစောင့်ရှောက်ထားမယ်လို့ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက ပြောပါတယ်။

မနေ့က မိုးကုတ်ဆေးရုံကိုသွားပြီး ကလေးငယ်တွေကို သွားရောက်တွေ့ဆုံခဲ့သလို ဒီကနေ့ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီး ကလေးတွေကို ယာယီစောင့်လျှောက်ဖို့ ဆုံးဖြတ်တာလို့ လားရှိုးလူမှုဝန်ထမ်းရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ဒီဗွီဘီကိုပြောပါတယ်။

“အဓိကကတော့ နိုင်ငံတော်ကနေပြီးတော့ ယာယီစောင့်လျှောက်ဖို့ ဆုံးဖြတ်ကြပါတယ်။ ၁ လ သမီးလေး ပါသေးတယ်ဆိုတော့ ၁ လသမီးလေးကိုကျတော့ ကလေးပြုစုရေးဌာနပေါ့နော်။ ၁၂ နှစ် သမီးကျတော့ အမျိုးသမီးကလေး သင်တန်းကျောင်းမှာ အလုံးစုံ၊ ကျန်းမာရေး၊ ပညာရေး၊ ကလေးရဲ့ လူမှုရေး အစစအရာရာပေါ့နော်။”

ကလေးတွေမှာ အဖေရဲ့ညီမ အဒေါ်အုပ်ထိန်းသူတယောက်ရှိနေပြီး အဲဒီအဒေါ်ရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတယ်လို့ ပြောပါတယ်။ နိုင်ငံတော်က ယာယီစောင့်ရှောက်တာဖြစ်တဲ့ အတွက် သူတို့ဘက်က အဆင်ပြေတဲ့အချိန်မှာ ပြန်လည်ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။

အခုလို နိုင်ငံတော်က ယာယီစောင့်ရှောက်ဖို့ ဆုံးဖြတ်ပေမယ့် ဘယ်မြို့မှာ ထားမလဲဆိုတာ ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဒေါ်အေးအေးမြင့်က ပြောပါတယ်။

“ကျမတို့ အခုတော့ ဘယ်မှာထားမယ်လို့ မဆုံးဖြတ်ရသေးပါဘူး။ ကလေးက ဆေးရုံမှာပဲ ရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ၁ လ သမီးလေးရဲ့ ကျန်းမာရေးက ဆေးရုံအုပ်ကြီး ဆရာဝန်ကြီး ကနေပြီးတော့ ကျန်းမာရေးအရ လက်လွှတ်လို့ရပြီ ဆိုမှပဲ ကျမတို့ က ခေါ်လို့ရမှာပါ။”

မိုးမိတ်နဲ့ ၂၈ မိုင်လောက်ဝေးတဲ့ ကျောက်လုံးကြီးရွာက ဆေးစွဲနေတဲ့ မိဘကြောင့် အာဟာရ ပြတ်လပ်လို့ ထွက်ပြေးလာတဲ့ ကလေးငယ် ၄ ဦးထဲက ၂ ယောက် သေဆုံးခဲ့ပါတယ်။

သူတို့ဟာ မိုးမိတ်ဆေးရုံကို ရောက်ရှိပြီးနောက်တရက် ဇူလိုင် ၂၄ ရက်နေ့မှာပဲ အသက် ၅ နှစ်အရွယ်သားလေးသေဆုံးခဲ့ပြီး ဇူလိုင် ၂၉ ရက်နေ့မှာတော့ ၂နှစ်အရွယ် သမီးလေး မိုးကုတ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ၁၂  နှစ်အရွယ်သမီးနဲ့ ၁ လသားအရွယ်သမီးလေး ၁ ဦးကျန်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013