DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်အသက်ပေးခဲ့သူများအတွက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ကျင်းပ
DVB
·
July 31, 2017
စစ်အာဏာရှင်ဆန့်ကျင်အသက်ပေးခဲ့သူများအတွက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ကျင်းပ
Donate to DVB

 

စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းလက်ထက် ကိုကိုးကျွန်းအကျဉ်းစခန်းမှာ ကွယ်လွန်သွားခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသမားတွေအတွက် ၄၆ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပပါတယ်။

၁၉၇၁ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ ကိုကိုးကျွန်းအကျဉ်းစခန်း ဖျက်သိမ်းရေးအတွက် ၅၃ ရက်ကြာ အစာငတ်ခံဆန္ဒပြပြီး ကွယ်လွန်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ဂုဏ်ပြုတဲ့ အနေနဲ့ ကိုကိုးကျွန်း သူရဲကောင်းနေ့ကို ကျင်းပတာလို့ ကျွန်းပြန်ရဲဘော် ကျော်စိုးက ပြောပါတယ်။

ကိုကိုးကျွန်းမှာ ၅၃ ရက်ကြာအစာငတ်ခံဆန္ဒပြတာကြောင့် ဦးနေဝင်းအစိုးရဟာ ကိုကိုးကျွန်းအကျဉ်းစခန်းကို ဖျက်သိမ်းပေးခဲ့ရပြီး ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကို ပြည်မကို ပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီးအသက်ပေးခဲ့ရတဲ့ ကိုကိုးကျွန်းရဲဘော် ၈ဦးကတော့ ရဲဘော်သိန်းကြည်၊ ရဲဘော်အုံးမော်၊ ရဲဘော်ချစ်ဆွေ၊ ရဲဘော်ထွန်းမြင့်၊ ရဲဘော်စိန်ချင်း၊ ရဲဘော်မောင်မောင်စိုး၊ ရဲဘော်လေးမောင်၊ ရဲဘော် ထွန်းဝင်းတို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013