DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ရေကြီးရေလျှံမဖြစ်ရန် ရေကာတာဆောက်လုပ်စေလို
DVB
·
July 31, 2017
ပခုက္ကူတွင် ရေကြီးရေလျှံမဖြစ်ရန် ရေကာတာဆောက်လုပ်စေလို
Donate to DVB

 

ပခုက္ကူခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုတွေ နှစ်စဉ်မဖြစ်ဖို့အတွက် ရေကာတာဆောက်လုပ်ဖို့ လိုအပ်တယ်လို့ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

ပခုက္ကူခရိုင်ထဲက နေရာအချို့မှာ ရေကြီးရေလျှံမှုတွေနှစ်စဉ်ဖြစ်ပေါ်နေပြီး ဒေသခံ ပြည်သူပေါင်း ၅ သောင်းကျော်ဟာ နှစ်တိုင်းရေဘေးရှောင်စခန်းတွေမှာ နေထိုင်နေရပါတယ်။

ဒီလိုနှစ်စဉ်မကြုံတွေ့ရဖို့အတွက် ရေကာတာတွေဆောက်လုပ်ကာကွယ်ဖို့လိုအပ်တယ်လို့ ဒေသခံအရပ်ဖက် အဖွဲ့အစည်း ဒါရိုက်တာ  ဦးရဲထွဋ်ကပြောပါတယ်။

ကျန်ခဲ့တဲ့နှစ်တွေမှာ ရေပြန်ကျသွားချိန်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ မြစ်ရေနဲ့အတူပါလာတဲ့ နုန်းတွေနဲ့ အမှိုက်တွေကျန်ခဲ့တာကို အရင်ရှင်းလင်းရေး လုပ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အစိုးရအနေနဲ့လည်း စိုက်ပျိုးချိန်အမှီကူညီထောက်ပံ့ပေးဖို့လည်း မျှော်လင့်နေတယ်လို့ ရေဘေးရှောင်ပြည်သူတစ်ဦးကဆိုပါတယ်။

ဧရာဝတီမြစ်ကြမ်းပြင်မြင့်တက်လာတာတွေနဲ့ ကမ်းပါးပြိုတာတွေကို အစိုးရအနေနဲ့ လုပ်ဆောင်နေသလို ပြည်သူတစ်ဦးချင်း အနေနဲ့လည်း ပါဝင်ဖို့လိုတယ်လို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်နေထိုင်သူတွေအနေနဲ့ မြစ်ထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ မလုပ်ဖို့ တစ်ဦးချင်းစီ စည်းကမ်းစောင့်ထိမ်းကြဖို့လည်း  အရပ်ဖက် အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013