DVB Logo
Home
မြန်မာသတင်း
ထမီရင်ရှား sexy ကျကျ ပြိုင်ပွဲဝင်အလှမယ်များကို Vote ပေးရွေးချယ်နိုင်(ဓာတ်ပုံ)
DVB
·
July 31, 2017
ထမီရင်ရှား sexy ကျကျ ပြိုင်ပွဲဝင်အလှမယ်များကို Vote ပေးရွေးချယ်နိုင်(ဓာတ်ပုံ)
1 / 12
Donate to DVB

 

    သြဂုတ် ၁ ရက်နေ့ ကျင်းပမယ့် Miss Myanmar International 2017 ပြိုင်ပွဲ ၀င်အလှမယ်တွေရဲ့ ထမီရင်ရှားနဲ့ Sexy ကျကျအလှဓာတ်ပုံတွေကို ပြိုင်ပွဲရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

    သူတို့ဟာ တနိုင်ငံလုံးက ရွေးချယ်ထားခဲ့တဲ့ ပြိုင်ပွဲရဲ့ ဆန်ကာတင်အလှမယ် ၂၀ ဖြစ်ပြီး ခုချိန်ကစပြီး ပြိုင်ပွဲကျင်းပတဲ့နေ့ည ၇နာရီခွဲထိ နောက်ဆုံးထားကာ ပရိသတ်တွေက Vote ပေးနိုင်တယ်လို့ ဆိုပါတယ်။

    Voting ပေးရမယ့် ပုံစံကိုတော့ ခုလိုဖော်ပြထားတာကို တွေ့ရပါတယ်။

Miss Popular Award အတွက် MPT phone no 8611 ကို ကိုယ်ပေးချင်တဲ့ အလှမယ်ရဲ့ ခါးနံပါတ်တခုတည်းကို SMS စောင်ရေ အကန့်အသတ်မရှိပေးပို့နိုင်ပြီး ပရိသတ်တွေ ရွေးချယ်ပေးတဲ့ Voting အများဆုံးရရှိတဲ့ အလှမယ်က Miss Popular Award ကို ရရှိမှာဖြစ်ပါတယ်။

Top 10 Finalist အတွက် အမှတ်တွေ တွက်ချက်ရာမှာ ၄၀ ရာခိုင်နှုန်းအထိ အ ကျုံးဝင်မယ့် Voting အတွက်ကိုတော့ MPT phone no 8699 ကို ကိုယ်အားပေးလိုတဲ့ အလှမယ်ရဲ့ ခါးနံပါတ်တခုတည်းကို SMS စောင်ရေ အကန့်အသတ်မရှိပေးပို့နိုင်မယ်လို့ ဆိုပါတယ်။

Voting တွေက ရရှိတဲ့ ရမှတ်တွေနဲ့ အကဲဖြတ်အမှတ်ပေးဒိုင်တွေပေးတဲ့ ရမှတ်တွေကို ပေါင်းပြီး နောက်ဆုံးဆန်ကာတင် ၁၀ ဦးကို ရွေးချယ်သွားမှာပါ။

နိုဗိုတယ်ဟိုတယ်မှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ Miss International 2016 သရဖူဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ ကိုင်လီဗာဆိုဆာက ဒိုင်အဖြစ် အထူးဧည့်သည်အနေနဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အနိုင်ရရှိတဲ့ အလှမယ်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2017 ပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီပြိုင်ပွဲကို ၂၀၁၂ ခုနှစ်ကစတင် ကျင်းပခဲ့တာဖြစ်ပြီး နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ မေဘရဏီသော်၊ အမရာငြိမ်းနဲ့ အင်ကြင်းထူးတို့က နိုင်ငံ ကိုယ်စားပြုအလှမယ်တွေအဖြစ် နှစ်အလိုက်သွား ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013