DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ-ဂန့်ဂေါလမ်းတွင် တရားမဝင် ပိတောက်သစ်ခွဲသား တင်လာသည့်ကား တိမ်းမှောက်
DVB
·
July 31, 2017
ပခုက္ကူ-ဂန့်ဂေါလမ်းတွင် တရားမဝင် ပိတောက်သစ်ခွဲသား တင်လာသည့်ကား တိမ်းမှောက်
1 / 4
Donate to DVB

 

ဇူလိုင် ၃၀ ရက်နေ့ မနက် ၃ နာရီ ၁၅ မိနစ်အချိန်လောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဇီးချိုင့်ကျေးရွာအနီး ယမားချောင်းအဆင်းမှာ ပိတောက်သစ်ခွဲသားတွေ သယ်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

ISUZU အမျိုးအစား YGN-7H/ 6284 နံပါတ်တပ်ဆင်ထားတဲ့ ၆ဘီးကားပေါ်မှာ တရားမဝင် ပိတောက်သစ်ခွဲသား ၂၃ တုံး ၂.၈၅၂၈ တန်၊ ကာလတန်ဖိုး ၇ သိန်းကျော်ရှိ သစ်ခွဲသားတွေ တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ယာဉ်မောင်းနဲ့ ကားပေါ်ပါလာသူ၊ ယာဉ်တိမ်းမှောက်မှု ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်း၊ ဘယ်ကနေ ဘယ်ကိုသယ်တယ် ဆိုတာ တွေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်းက ရဲအုပ် သန်းဝင်အောင်က တရားလိုပြုလုပ်ကာ (ပ) ၁၆/၂၀၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆားလင်းကြီးမြို့မရဲစခန်းသတင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ အခုဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၂၃ ရက်နေ့အထိ တရားမဝင် သစ်တန်စုစုပေါင်း ၂၄၀၆.၉၂၅၆ တန်ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ တိုင်းသစ်တောဦးစီးဌာနက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013