DVB Logo
Home
မြန်မာသတင်း
H1N1 ကာကွယ်ရေး ပျဉ်းမနားတွင် လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ ဝေငှ
DVB
·
July 31, 2017
H1N1 ကာကွယ်ရေး ပျဉ်းမနားတွင် လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ ဝေငှ
1 / 4
Donate to DVB

 

နေပြည်တော် ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းနဲ့ ၆ လမ်းဆုံမှာ H1N1တုပ်ကွေးရောဂါ အသိပညာပေး လက်ကမ်းကြော်ငြာစာရွက်တွေနဲ့ နှာခေါင်းစည်း အခုရေ ၆၄၀၀ ကို မျှဝေသောလက်များ ပရဟိတအသင်းက လမ်းသွားလမ်းလာပြည်သူတွေကို ဇူလိုင် ၃၁ ရက်က ဝေငှခဲ့ကြပါတယ်။

H1N1 ရောဂါဟာ အခုဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အချို့မှာ ဖြစ်ပွားနေတာကြောင့်  ရောဂါ ကြိုတင်ကာကွယ်ဖို့အတွက် ပြည်သူတွေကို အသိပညာပေးတဲ့လုပ်ငန်းတွေကို ကျန်မာရေးဝန်ကြီးဌာနနဲ့ ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ပေးနေတာပါ။

မြန်မာတနိုင်လုံး အတိုင်းအတာနဲ့ ဇူလိုင် ၂၁ ရက်နေ့ကနေ ဇူလိုင် ၃၀ ရက်နေ့အထိ လက်တလော ပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ကုသသူ ၁၈၂ ဦးရှိပြီး အဲ့ဒီထဲက Seasonal Influenze A(H1N1) pdm 09Positive လူနာ စုစုပေါင်း ၅၁ ဦးရှိခဲ့ကာ သေဆုံးသူ ၁၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013