DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်ကမ္ဘောဒီးယား အလုပ်သမားများ အုပ်စုဖွဲ့ရန်ဖြစ်၊ မြန်မာ ၁ ဦး သေဆုံး
DVB
·
July 31, 2017
မြန်မာနှင့်ကမ္ဘောဒီးယား အလုပ်သမားများ အုပ်စုဖွဲ့ရန်ဖြစ်၊ မြန်မာ ၁ ဦး သေဆုံး
Donate to DVB

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြန်မာအလုပ်သမားနဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကြား အုပ်စုဖွဲ့ ရန်ဖြစ်ကြပြီး မြန်မာအလုပ်သမား ၁ဦး သေဆုံးသွားပါတယ်။

ဘန်ကောက်မြို့ ကျလွန်းနခွန်းနယ်မြေ မြန်မာသံရုံးအနီးက ဆောက်လက်စ ၇၅ ထပ်တိုက် လုပ်ငန်းခွင်မှာ ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းက အလုပ်သမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်ရွယ် မြန်မာအလုပ်သမား မောင်စိန်ဌေးဆိုသူ သေဆုံးသွားခဲ့တယ်လို့ ထိုင်း- မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အုပ်စုလိုက်ဖြစ်ကြတာပေါ့နော်၊ မြန်မာက ၂၀၀လောက်ရှိတယ်၊ ကမ္ဘောဒီးယားက ၁၀၀လောက်ရှိတယ်၊ ကျနော်တို့ သိရတာကတော့ ကမ္ဘောဒီးယားအလုပ်သမား က အရက်သောက်နေတယ်ပေါ့နော်။ အဲဒီမှာ ဒီဘက်က မြန်မာက သူတို့ ဆူညံစွာနဲ့ သီချင်းတွေ ဖွင့်တဲ့အတွက် တိုးတိုးတိတ်တိတ်ဖွင့်ဖို့ သွားပြောတယ်၊ ပြောတဲ့ အချိန်မှာ သောက်စားထားတော့ မူးပြီးတော့ ရန်ဖြစ်ကြတယ်၊ ရန်ဖြစ်တဲ့ချိန်မှာဟိုက တူနဲ့ထုတယ်ပြောတယ်၊ တူနဲ့ထုတော့ ခေါင်းထိသွားတယ်။ ဆေးရုံရောက်တယ်။ ဒါပေမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာဘဲ မြန်မာအ လုပ်သမား က ဆုံးသွားပါတယ်။”

အဲဒီနေ့က အလုပ်သမားတွေ ခိုက်ရန်ဖြစ်ပွားကြောင်း တိုင်ကြားချက်ရရချင်း မြန်မာ အလုပ်သမား သံအရာရှိတွေ၊ ဆရာတော် ဦးဇောတိကနဲ့ သံဃာတချို့ သွားရောက် ဖျန်ဖြေပေးပြီး အခြေအနေတွေ မဆိုးရွားအောင် ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူမောင်စိန်ဌေးအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေရရှိဖို့ မြန်မာသံရုံးက ဆောင်ရွက်ပေးနေပြီး  ၀ိုင်းရိုက်တဲ့ထဲပါတဲ့ ကမ္ဘောဒီးယား အလုပ်သမား ၃- ၄ ယောက်ကို ရဲတွေ ဖမ်းဆီးသွားတယ်လို့  ဦးမိုးအောင်ခိုင်က ပြောပါတယ်။

သေဆုံးသူ မောင်စိန်ဌေးမှာ ဧရာဝတီတိုင်း မြန်အောင်ဘက်က ဖြစ်ပြီး အမ်အိုယူအလုပ်သမား ကတ်နဲ့ ၀င်ရောက်လာတာဖြစ်ကြောင်း၊  သူ့ရဲ့အလောင်းကို သြဂုတ် ၁ ရက် ညနေမှာ ဆာထွန်လမ်းသွယ် ၁၀ ရှိ မြန်မာသံရုံးအနီးက ဘုန်းကြီးကျောင်းတိုက်မှာ သင်္ဂြိုဟ်ဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013