DVB Logo
Home
မြန်မာသတင်း
စကားများရန်ဖြစ်ပြီး လမ်းပိတ်ထားမှုကြောင့် အသုဘချရန်​ အခက်​အခဲ ကြုံတွေ့
DVB
·
July 31, 2017
စကားများရန်ဖြစ်ပြီး လမ်းပိတ်ထားမှုကြောင့် အသုဘချရန်​ အခက်​အခဲ ကြုံတွေ့
Donate to DVB

 

မန္တလးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နနယ် ဆင်ဖြူကျေးရွာမှာ ဇူလိုင် ၂၉ ရက် ညက ကွယ်လွန်သွားတဲ့ ဦးမောင်မြင့်ကြည် ရုပ်အလောင်းအား သုသာန်မှာ မြေချဖို့အတွက် ထွက်ပေါက်လမ်း အတိအကျမရှိတာကြောင့် အသုဘချဖို့ အခက်အခဲရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖြစ်စဉ်မှာ ကွယ်လွန်သူ ဦးမောင်မြင့်ကြည်တို့ မိသားစုဟာ ယခင်ဘိုးဘွား လက်ထပ်က နေအိမ်ချင်းကပ်လျှက် မကြိုင်တို့ အိမ်ဝိုင်းမှ လမ်းသွား လမ်းလာ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ၁ လ လောက်က စကားများရန်ဖြစ်ရာနေ မကြိုင်တို့ဘတ်က အိမ်ဝိုင်းအတွင်း ဖြတ်သန်းသွားလာခွင့်မပြုဘဲ လမ်းကို ပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။

"အခုဟာက လူသေလောင်းအတွက် သက်ပျောက်ဆွမ်းလည်း မကပ်ရသေးဘူး။ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် သက်ပျောက်ဆွမ်းဆိုတာ ကပ်ရတာပဲလေ၊ ခုဟာက နာရေးလာမေးတဲ့သူတွေလဲ လမ်းပိတ်ထားတော့လာလို့ မရဘူး၊ ညနေ အသုဘ ချရန်အတွက် ထွက်ပေါက်မရှိတာကြောင့်အခက်တွေ့နေတာပါ၊ ဒီ အသုဘချလို့ ရအောင် ပိတ်ထားတဲ့ လမ်းလေးကို ခဏဖွင့်ပေးစေချင်တာပါ၊ ပြီးရင် ပြန်ပိတ်လို့ ရပါတယ်” လို့ သေဆုံးသူ ဦးမောင်မြင့်ကြည်ရဲ့ အစ်ကို ဝမ်းကွဲ တော်စပ်သူ ဦးဝင်းမောင်က ပြောပါတယ်။

သေဆုံးသူ ဦးမောင်မြင့်ကြည်တို့ဟာ လယ်ယာမြေကိုဝယ်ယူပြီး အိမ်ဆောက်ကြတာဖြစ်ပြီး၊ နကိုမူလတည်းက လူသွားလမ်းကို သတ်မှတ်ထားတာမျိုးမရှိခဲ့ပဲ ကပ်လျှက်နေ မကြိုင်တို့ အိမ်ဝိုင်းအတွင်းမှ ဖြတ်သန်းသွားလာခဲ့တာမျိုး ပြုလုပ်ခဲ့တာပါ၊ မျက်နှာချင်းဆိုင်အိမ် နဲ့ ဘေးအိမ်မှာလည်း လမ်းမရှိတာကြောင့် အခု လူသေအလောင်းအား သုသာန်သို့ ပို့ဆောင်ရန် ထွက်ပေါက်မရှိနေတာဖြစ်ပါတယ်။

ဘေးအိမ်တွေကလည်း သူတို့အိမ်ဝိုင်းအတွင်းက လူသေအလောင်းချရာမှာ ဖြတ်သန်းခွင့် မပြုပေးတဲ့အတွက် အခက်တွေ့နေတာလည်း ဖြစ်ပါတယ်။

ဆင်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ကိုရဲမြင့်ကတော့ “ကျနော်တို့ တဖတ်နဲ့တဖတ် ညှိနှိုင်းပေးနေတာ အဆင်မပြေပါဘူး၊ လက်ရှိ အနေအထားအရ ဒီ လူသေအလောင်းကို သုသာန်ကို ရောက်သွားဖို့က အရေးကြီးပါတယ်။ ရာသီဥတုကြောင့် ခု ညနေ အလောင်းကိုချရမှာ ဖြစ်တဲ့အတွက် အဆင်ပြေအောင် ပြောနေလည်းမရဘူး ကျနော်တို့ တောင်သာမြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာရောက် ဖြေရှင်းပေးခဲ့သော်လည်း၊ လက်ရှိအခြေအနေမှာတော့ အဆင်မပြေသေးဘူး” လို့ ပြောပါတယ်။

သတင်း ဓာတ်ပုံ ရီရီထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013