DVB Logo
Home
မြန်မာသတင်း
အမြန်လမ်း ၁၁၅ မိုင်တိုးဂိတ်ကို ခရီးသည်တင်ယာဉ် ဝင်တိုက်၊ ဝန်ထမ်း ၂ ဦး ဒဏ်ရာရ
DVB
·
July 31, 2017
အမြန်လမ်း ၁၁၅ မိုင်တိုးဂိတ်ကို ခရီးသည်တင်ယာဉ် ဝင်တိုက်၊ ဝန်ထမ်း ၂ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ ရှိ တိုးဂိတ်ကို ဒီနေ့ မနက် ၁ နာရီလောက်မှာ ခရီးသည်တင်ယာဉ်တစ်စီးက တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးအမြန်လမ်းရဲတပ်ဖွဲစခန်းက ပြောပါတယ်။

မကွေးမြို့ကနေ ရန်ကုန်ဘက်ကို ပဲခူးမြို့နေ ဝင်းမြင့် မောင်းနှင်လာတဲ့ ခရီးသည်တင် ယာဉ်ဟာ လမ်းအသုံးပြုခကောက်ခံတဲ့ နေရာကို ဝင်ရောက်စဉ် ကားရဲ့ ယာဘက်တူးဘောက်တံခါးမှာ ပွင့်ထွက်ပြီး လမ်းအသုံးပြုခကောက်ခံတဲ့ နေရာကို တိုက်မိခဲ့တာပါ။

"လမ်းအသုံးပြုခ ကောက်ခံတဲ့နေရာကို ပစ္စည်းတွေထည့်တဲ့ ကားရဲ့ တိုးဘောက်တံခါးကပွင့်ပြီး ချိတ်ဆွဲမိတာပါ။ တိုးဂိတ်ဝန်ထမ်းအမျိုးသားနှစ်ဦး ဒဏ်ရာရပါတယ်"လို့ ဖြူးအမြန်လမ်းရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေ ဒဏ်ရာမရရှိခဲ့ပေမယ့်လည်း လမ်းအသုံးပြုခကောက်ခံနေတဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး လမ်းအသုံးပြုခကောက်ခံတဲ့ အခန်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိတဲ့ အမျိုးသား ၂ ဦးကို ဖြူးမြို့ပြည်သူဆေးရုံသို့ ပို့ဆောင်ကုသနေရပြီး အသက်အန္တရာယ် စိုးရိန်စရာမရှိဘူးလို့ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်ကို ပေါ့လျှော့စွာ မောင်းနှင်သူ ခရီးသည်တင် ယာဉ်မောင်း ဝင်းမြင့်နဲ့ ယာဉ်နောက်လိုက် တင့်ဇော်ထွန်းတို့ကို ဖြူးအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းမှ ယာဉ် (ပ)၂၀ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013