DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ပထမဆုံးအကြိမ်ပြုလုပ် (ဓာတ်ပုံ)
DVB
·
July 31, 2017
မြန်မာနိုင်ငံတွင် ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ပထမဆုံးအကြိမ်ပြုလုပ် (ဓာတ်ပုံ)
1 / 14
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းအဖွဲ့တခု ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်ပြီး ဂရပ်ဖစ်ဒီဇိုင်နာ လူကြီးလူငယ်တွေ စုပေါင်းကာ ပထမဦးဆုံးအကြိမ် ဂရဖစ်ဒီဇိုင်းပြပွဲကို ဇူလိုင် ၃၀ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

My Family ဆိုတဲ့ခေါင်းစဉ်နဲ့ ပြခဲ့တာဖြစ်ပြီး ဒီပြပွဲကနေတဆင့် မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းအဖွဲ့တခုဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ပန်းချီဒီဇိုင်နာ မြင့်မောင်ကျော်က ပြောပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံတဝန်းက ဒီဇိုင်နာလူငယ်တွေကို မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းဝင်ကြဖို့ ခေါ်ယူလက်ခံနေပါတယ်။

မြန်မာနိုင်ငံ ပညာရေးနိမ့်ကျမှုအထဲမှာ ဂရပ်ဖစ်ဒီဇိုင်းအနုပညာ နိမ့်ကျမှုလည်း ဖြစ်စေတယ်လို့ ပြောပါတယ်။

လူငယ်တွေ နိုင်ငံတာကာကို ထိုးဖောက်နိုင်ဖို့ ခိုင်မာတဲ့ ဂရပ်ဖစ်အဖွဲ့တခုရှိဖို့ လိုအပ်တာကြောင့် အခုလို မြန်မာဂရပ်ဖစ်ဒီဇိုင်နာ အသင်းအဖွဲ့တခုအဖြစ် တည်ထောင်ဖို့ စတင်ခဲ့တာပါလို့ ပန်းချီဒီဇိုင်နာ မြင့်မောင်ကျော်က ပြောပါတယ်။

ဓာတ်ပုံ - လွင်မှိုင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013