DVB Logo
Home
မြန်မာသတင်း
A(H1N1)ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထိတိုးလာ၊ သေဆုံးမှုနှုန်း ၅ ဒသမ ၄၉ ရာခိုင်နှုန်းရှိ
DVB
·
July 31, 2017
A(H1N1)ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးထိတိုးလာ၊ သေဆုံးမှုနှုန်း ၅ ဒသမ ၄၉ ရာခိုင်နှုန်းရှိ
1 / 3
Donate to DVB

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့  A(H1N1) ရာသီတုပ်ကွေး ရောဂါကြောင့် ဇူလိုင် ၃၀ ရက်နေ့ နေ့လယ် ၂ နာရီထိ တနိုင်ငံလုံး အတိုင်းအတာအရ ရောဂါဖြစ်ပွားသူ  ၅၁ ယောက်ထိရှိပြီး သေဆုံးသူ ၁၀ ယောက် ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

20525430_1806030096092737_274230728700631993_nတနိုင်ငံလုံး အတိုင်းအတာနဲ့ ရရှိတဲ့  ရောဂါဖြစ်ပွားမှု အချက်အလက်တွေအရ သံသယရာသီတုပ်ကွေးရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ ၁၈၂ ယောက်ရှိခဲ့ပြီး အဲဒီအထဲကနေ Seasonal Influenza A(H1N1) လူနာစုစုပေါင်း ၅၁ ယောက်နဲ့၊ သေဆုံးသူ ၁၀ ယောက်အထိ ရှိသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက် ကုသလူနာ တွေရဲ့ သေဆုံးမှုနှုန်းဟာ ၅ ဒသမ ၄၉ ရာခိုင်နှုန်းရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးဆန်တဲ့  လက္ခဏာတွေ  ပြင်းထန်ရာသီတုပ်ကွေး ရောဂါလက္ခဏာတွေ ဖြစ်ပွားတယ်လို့ ထင်မှတ်ရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေကို  ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူရင် အသက်အန္တရာယ် ဆုံးရှုံးရမှုတွေကနေ   ထိရောက်စွာ ကာကွယ်နိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

20376173_1806030722759341_8038828722057233342_nရာသီတုပ်ကွေး H1N1 ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာဖို့ အစီစဉ်မရှိသေးဘူးလို့  သဘာဝဘေးနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က သတင်းစာ ရှင်းလင်းပွဲမှာ  ပြောထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013