DVB Logo
Home
မြန်မာသတင်း
H1N1 ရောဂါပိုးကြောင့် တောင်ပြုံးပွဲတော် ရက်ရွှေ့ဆိုင်း
DVB
·
July 30, 2017
H1N1 ရောဂါပိုးကြောင့် တောင်ပြုံးပွဲတော် ရက်ရွှေ့ဆိုင်း
Donate to DVB

H1N1 ရောဂါကိုထိန်းချုပ်နိုင်တဲ့အချိန်အထိ တောင်ပြုံးပွဲတော်ကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ မန္တလေးတိုင်း အစိုးရက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် တောင်ပြုံးပွဲတော် ဆက်လက်ကျင်းပခွင့် ပြုသင့်၊ မပြုသင့်နဲ့ပတ်သက်ပြီး ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီက မန္တလေးတိုင်းဒေသကြီး အစည်းဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ တောင်ပြုံးပွဲတော်ကို ပိတ်လိုက်တာပါ။

တောင်ပြုံးပွဲတော်ဟာ မြန်မာနိုင်ငံမှာ အစည်ကားဆုံး ရိုးရာနတ်ပွဲတခုဖြစ်ပြီး ဇူလိုင် ၃၁ ရက်ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ကျင်းပလေ့ရှိပါတယ်။

ပွဲတော်မှာ တရက်ကို လူတသိန်းလောက် လာရောက်လေ့ရှိပြီး လက်ရှိဖြစ်ပွားနေတဲ့ H1N1 ရောဂါဟာ အသက်ရှူလမ်းကြောင်းက တဆင့်ကူးစက်ပြီး ပြန့်ပွားဖို့လွယ်ကူတာကြောင့် ပြည်သူ တရပ်လုံးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ တိုင်းအစိုးရရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

နောက်ထပ်ပွဲတော်တွေကိုလည်း H1N1 ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်မှသာ ပြန်လည်ခွင့်ပြု သွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013