DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသားများ စုပေါင်းဝါဆိုသင်္ကန်းကပ်
DVB
·
July 30, 2017
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသားများ စုပေါင်းဝါဆိုသင်္ကန်းကပ်
Donate to DVB

 

တိုကျိုနဲ့အလှမ်းဝေးတဲ့ ဆိုက်တမခရိုင်၊ ခုမဂယမြို့အနီးရှိ ဆာအိုးရီဝိဟာရ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ ဇူလိုင် ၃၀ ရက်က ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ၀ါဆို သင်္ကန်းကပ်လှူ စုပေါင်းတရားနာယူခဲ့ကြပါတယ်။

အလှမ်းဝေးပေမယ့် တိုကျို ၊ ချီးဘား၊ စိုင်တမ ၊ ဂူးမား ၊ အိုက်အိချီ ခရိုင်တွေက မြန်မာဒကာ ဒကာမတွေ က စုစုစည်းစည်းနဲ့ အခုလို လာရောက်စုပေါင်း ၀ါဆိုသင်္ကန်းကပ်ကြလို့ ၀မ်းမြောက်မိတယ်လို့လည်း ဆိုင်တမခရိုင် ဆာအိုးရီ ၀ိဟာရ ကျောင်းထိုင်ဆရာတော် အရှင်မဏိဇောတာ လကာင်္ရ က ဒီဗွီဘီကို မိန့်ကြားခဲ့ပါတယ်။

“ဂျပန်ရောက်တာ ငါးနှစ်ရှိနေပြီ ဖြစ်ပေမယ့် ဝါဆိုသင်္ကန်းကပ်လှူခံရတာ နှစ်နှစ်မြောက်သာ ဖြစ်တယ်လို့ ဆရာတော်ဆီကကြားသိရလို့ တိုကျိုမြို့က နှစ်နာရီကျော်လောက် အချိန်ယူလာခဲ့ရ ပေမယ့် ၀မ်းမြောက်မိပါတယ်”လို့ အလှူရှင်များကိုယ်စား မမိုးမမနဲ့ မရိုးမမ တို့က ဒီဗီဘီကို ပြောပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၁၅၀၀၀ ကျော်ရောက်ရှိနေထိုင်ကြပြီး၊ ဂျပန်နိုင်ငံတိုကျိုမြို့ ထေရ၀ါဒကျောင်း၊ အိဘရခီခရိုင်ထိုင်းယောကျောင်း၊ နာဂိုယာမြို့  ဗြဟ၀ိဟာရကျောင်းနဲ့ ကျူးရှူးကျွန်း ကမ္ဘာအေးစေတီကျောင်းတွေမှာလည်း အသီးသီးစုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူခဲ့ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013