DVB Logo
Home
မြန်မာသတင်း
အမေရိကန်တွင် မြန်မာနိုင်ငံသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
July 30, 2017
အမေရိကန်တွင် မြန်မာနိုင်ငံသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို လွန်ခဲ့တဲ့ ၁၀ နှစ်က ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် လီရန်စူမ်နူမ် ဆိုသူဟာ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်း သေနတ်နဲ့ ပစ်ခံခဲ့ရပြီး ဇူလိုင် ၂၆ ရက်နေ့က ဆေးရုံပေါ်မှာ သေဆုံးသွားတယ်လို့ သေမှုသေခင်း စုံစမ်းရေးအရာရှိတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

ကရက်စန့်စပရင်းမြို့က ကလေး ၃ ဦးတို့ရဲ့ဖခင် လီရန်ဟာ အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်ရဲ့ စင်စင်နက်တီမြို့က အိုင် ၇၅ ရဲ့ တောင်ဘက်လမ်းကို ဦးတည်တဲ့ လမ်းသွယ် ၆ ထဲမှာ သေနတ်ပစ်ခံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။

နူမ်ရဲ့ ဝမ်းကွဲညီမဖြစ်သူ ရုသ်ဆန်က “ကျမတို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တဦးက ကျမတို့ကို ဖုန်းဆက်ပြီး သူ သေနတ်နဲ့ ပစ်ခံခဲ့ရတာ၊ ကျမတကယ်ပဲ ထိတ်လန့်တုန်လှုပ်မိတယ်၊ ယုံလည်း မယုံနိုင်ဘူး”လို့ ပြောပါတယ်။

သေဆုံးသူ မြန်မာပြည်သား လီရန်စူမ်နူမှာ အသက် ၇ နှစ်၊ ၆ နှစ်နဲ့ ၇ လ အရွယ် ကလေး ၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။

ကားထဲ လီရန်နဲ့ သူ့ရဲ့ဇနီး ရှိနေချိန်မှာ သေနတ်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ကျည်ဆန်တွေက ကားမှန်ကို ခွဲပြီး လီရန်ကို ထိမှန်ခဲ့တာပါ။ လီရန်ကို စင်စင်နက်တီဆေးဌာန တက္ကသိုလ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့ညမှာ သေဆုံးသွားခဲ့ပေမယ့် ဇနီးဖြစ်သူကတော့ ဘာဒဏ်ရာမှ မရရှိခဲ့ဘူးလို့ စင်စင်နက်တီရဲအရာရှိ ဒေါက်ဝိုက်စ်မန်းက ပြောပါတယ်။

လီရန်နဲ့ဇနီးက သူတို့မကြာခင် ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့ စင်စင်နက်တီမြို့ကျောင်းမှာ ကလေးတွေ အတွက် ကျောင်းသွားအပ်ရင်း ကားထဲမှာ ၂ ဦးထဲ ရှိနေခဲ့ကြတာပါ။

“လီရန်နဲ့ သူ့ဇနီး စကားပြောနေတုန်း ဇနီးသည်က ကားမှန်ကွဲသံ ကြားပြီး ကြည့်လိုက်တော့ သူ့ခေါင်းမှာ သွေးတွေ စီးကျနေတယ်” လို့ ဝမ်းကွဲညီမဖြစ်သူ ရုသ်ဆန်က ပြောပါတယ်။

“သူက တကယ်ကို ဖော်ရွေတဲ့လူပါ။ ဘာအကြောင်းဖြစ်ဖြစ် ခင်ဗျား သူ့ကို ပြောလို့ရတယ်” လို့ အန်ဒါဇင်မြို့နယ် ဆူရှီစားဖိုမှူးတဦးဖြစ်တဲ့ လီရန်ရဲ့ ဘေးက လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ မက်သရူးက ပြောပါတယ်။

“သူက သူ့ရဲ့ဝယ်သူတွေကို အလေးထားတယ်။ သူလုပ်နေရတဲ့အလုပ်နဲ့ မိသားစုကိုလည်း ချစ်မြတ်နိုးတယ်။ ဒါကြောင့် အလုပ်လည်း အရမ်းကြိုးစားပါတယ်၊ အလုပ်တရက်တောင် မပျက်ဘူး” လို့ မက်သရူးက ပြောပါတယ်။

အဖြေထုတ်လို့မရတဲ့ မေးခွန်းတွေအများကြီး ရှိနေတယ်လို့ ရဲတွေက ပြောလိုက်ပြီး ဘာလို့ ဒီလိုဖြစ်ခတ်မှုဖြစ်ခဲ့တာလဲဆိုတာကို စုံစမ်းရေးအရာရှိတွေက တိတိကျကျ မသိဖြစ်နေတာလို့ ရဲအရာရှိက ပြောပါတယ်။

အကြောင်းတခုခုရှိလို့ ဒီလို ပစ်ခတ်တာလား ခုထိ ပဟေဠိဖြစ်နေတုန်းပဲ၊ အခြားသူတွေကိုလည်း ခင်ဗျားတို့အတွက် လုံခြုံမှု ရှိမှာပါ၊ ဆိုလိုတာက ပုံမှန်လိုပဲ ကိုယ့်အိမ်ကို ကားမောင်းသွားတဲ့အခါ အဆင်ပြေကြမှာပါလို့လည်း ရဲတွေက ပြောပါတယ်။

ပစ်ခတ်သူကို ဖမ်းနိုင်ဖို့ ရဲတွေက စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးကြည့်ရှုနေပြီး မျက်မြင်သက်သေရှိရင်လည်း လာရောက်အကြောင်းကြားဖို့ တိုက်တွန်းထားပါတယ်။

“သက်သေတွေ အများကြီး ရှိနေမယ်လို့ ယုံကြည်တယ်။ ဒီပစ်ခတ်မှုကို မြင်တာမျိုး မဟုတ်တာတောင် တခုခုကို သိတဲ့ သက်သေမျိုးပေါ့။ ဒီသက်သေတွေက ကျနော်တို့ကို ခေါ်ဆိုပြီး သတင်းအချက်အလက်တွေ ပေးမယ်လို့ မျှော်လင့်တယ်” လို့ ရဲအရာရှိက ပြောကြောင်း ဒဗလျူအယ်လ်ဒဗလျူတီ ၅ အင်တာနက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013