DVB Logo
Home
မြန်မာသတင်း
အဖျောက်တွင် မြစ်ကမ်းပါများ ဆက်တိုက်ပြိုကျ၍ လူနေအိမ်များ ပြောင်းရွှေ့
DVB
·
July 30, 2017
အဖျောက်တွင် မြစ်ကမ်းပါများ ဆက်တိုက်ပြိုကျ၍ လူနေအိမ်များ ပြောင်းရွှေ့
1 / 4
Donate to DVB

 

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာမှာ ဇူလိုင် ၁၅ ရက်ကစပြီး ဧရာဝတီမြစ်ရေ မြင့်တက်ပြီးနောက် ရေပြန်ကျချိန်မှာ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျခဲ့လို့ လူနေအိမ် ၄ လုံး အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ အေးရွာကျေးရွာ အုပ်ချူပ်ရေးမှူး ဟိန်းဇော်လတ်က ဒီဗွီဘီ ကို ပြောပါတယ်။

“ကမ်းပါးတွေက အရင်နှစ်တွေကတည်းက ဆက်တိုက်ပြိုပြီး အက်ကြောင်းတွေ ဖြစ်နေတာလေ။ ဒီလ ၁၅ ရက်နေ့ကတည်းက မြစ်ရေက တဖြည်းဖြည်းတက်လာလို့ စောင့်ကြည့်နေရင်း ကမ်းပြိုလို့ အိမ်တလုံးပြောင်းရွှေ့ ထားရတယ်။ ရေကစိုးရေရိမ်အမှတ်ထက် ကျော်ပြီး ၁၂ ရက်ကြာတယ်။ ရွာထဲအထိ ရေဝေင်တာပေါ့။ ရေပြန်ကျသွားပြီး ကမ်းပါးတွေပြိုလို့ နောက်ထပ်အိမ်သုံးလုံး ထပ်ပြောင်းရတယ် ကမ်းကတစ်ခါပြိုရင် ကမ်းနဲ့ ၁၅ ပေလောက်ပြိုတာ။ အခုလည်းပြိုနေပါတယ။ ဒါကြောင့်ကျနော်တို့ အုပ်ချူပ်ရေးအဖွဲ့ တွေက စောင့်ကြည့်တာတွေ အသိပေးတာတွေ ပြုလုပ်နေပါတယ်။ ခုလိုကမ်းဆက်ပြိုမယ်ဆိုရင် နောက်ထပ်ပြောင်းရွှေ့ရမယ် အိမ်ခြေ ၂၀ လောက်ရှိပါတယ်လို့ အုပ်ချူပ်ရေးမှူးက ပြောပါတယ်။

“အိမ်နဲ့ကမ်းကပေ ၃၀ လောက်ပဲကွာတော့တယ်။ မြေတွေက အက်ကြောင်းတွေနဲ့ ခိုင်မာမူမရှိတော့ဘူး။ ဒါကြောင့်အချိန်မရွေး ဆက်ပြိုနိုင်တယ်။ ပြိုရင်လည်း ပြောင်းဖို့နေရာမရှိဘူး။ ဒီလိုပဲကပ်နေရမှာ တချို့ဆို သူများခြံထဲမှာ တနေရာစာတောင်းပြီး နေရတယ်။ ကျနော်တို့ရွာမှာ ကမ်းပြိုတာက သုံးနှစ်ဆက်တိုက်ရှိပြီး ပြောင်းရွှေ့ရတဲ့ မိသားစုတွေလည်း အများကြီးရှိပါတယ်” လို့ အေးရွာကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

အဖျောက်မြို့ ပန်းတုန်းပိတ်ကျေးရွာနဲ့ အေးရွာကျေးရွာတွေမှာ ၂၀၁၅ ခုနှစ်ကစပြီး ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါများဆက်တိုက်ပြိုကျခဲ့ရာ အေးရွာကျေးရွာမှာ အိမ်ထောင်စု ၅၀ ကျော်နဲ့ ဘုန်းကြီးကျောင်းတကျောင်း ပန်းတုန်းပိတ်ကျေးရွာမှာ အိမ်ထောင်စု ၇၀ ကျော်တို့ ပြောင်းရွှေ့ခဲ့ရပြီး ကူညီမှုတွေ မရှိတဲ့အတွက် နီးစပ်ရာ ညီအစ်ကို မောင်နှမတွေနဲ့ တာဘောင်ပေါ်မှာ နေထိုင်ရပြီး နေစရာအခက်အခဲတွေ ဖြစ်နေတာပါ။

အခုနှစ်မြစ်ကမ်းပါတွေ ဆက်တိုက်ပြိုကျနေလို့ နောက်ထပ်ပြောင်းရွှေ့မယ့် မိသားစုတွေမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

မြစ်ကြောင်းထိန်းသိမ်းရေး ဦးစီဌာနက ပန်းတုန်းပိတ်ကျေးရွာမှာ မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေ ပြုလုပ်နေပေမယ့် အေးရွာကျေးရွာအတွက် ပါဝင်မူမရှိလို့ ဒေဒသခံတွေက မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

သတင်း မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013