DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် အကျဉ်းသားများ အသက်မွေးဝမ်းကျောင်းပညာ တိုးမြှင့်သင်ကြားပေးမည်
DVB
·
July 30, 2017
မြိတ်တွင် အကျဉ်းသားများ အသက်မွေးဝမ်းကျောင်းပညာ တိုးမြှင့်သင်ကြားပေးမည်
1 / 6
Donate to DVB

မြိတ်မြို့အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ တိုးမြှင့်သင်ကြားပေးဖို့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားလိုက်ပါတယ်။

မြိတ်အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေကို လက်ရှိလက်မှုပညာတွေ သင်ကြားပေးနေပေမယ့် နောက်ထပ်လက်မှုပညာတွေ တိုးမြှင့်သင်ကြားပေးဖို့ ၀န်ကြီးချုပ်က မြိတ်အကျဉ်းထောင်ကို ဇူလိုင် ၂၈ ရက်နေ့က ရောက်ရှိချိန်မှာ ပြောကြားခဲ့တာပါ။

“သူတို့ကို အသက်မွေးဝမ်းကျောင်း ပညာတွေကိုများ များသင်ပေးပါ။ အထူးသဖြင့် အမျိုးသမီးတွေကို လက်ရှိ သင်ပေးနေတဲ့ လက်မှုပညာအပြင် အလှပြင်တဲ့ ပညာရပ်ပါ သင်ကြားပြသပေးပါ။ ကျမတို့ ထားဝယ်မှာ ဒီအစီအစဉ် စတင်နေပါပြီ။ ဒီမှာလည်း လုပ်စေချင်ပါ တယ်။ သူတို့ အပြင်ကိုပြန်ရောက်တဲ့အခါမှာ အလုပ်အကိုင်ရရှိစေဖို့ ကိုယ်တိုင်လည်း လုပ်ငန်းလေးတခု လုပ်စေချင်ပါတယ်။”

ဝန်ကြီးချုပ်မှာ မြိတ်မြို့ကို ရောက်ရှိစဉ် တံတားအသစ် ၂ စင်းကို ဖွင့်လှစ်ပေးခဲ့သလို ဆေးရုံကြီးမှာ H5 N1 နဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်သင့်တာတွေကို မှာကြားခဲ့ပြီး ရေပုန်းအိမ်ရာ စီမံကိန်းကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

မြိတ်အကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားနေပြီး နေရာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့အတွက် အိမ်စင်နေရာတွေ စီစဉ်ဆောင်ရွက်ထားမှုကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မြိတ်အကျဉ်းထောင်မှာ အမျိုးသား/အမျိုးသမီး အကျဉ်းသားစုစုပေါင်း ၁၂၀၄ ဦး ရှိတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013