DVB Logo
Home
မြန်မာသတင်း
အ၀တ်ဗလာ ခန္ဓာကိုယ်ပေါ် ပန်းချီဆွဲပြသသည့် ကမ္ဘာ့ပွဲတော်ကြီး (ဓာတ်ပုံ)
DVB
·
July 30, 2017
အ၀တ်ဗလာ ခန္ဓာကိုယ်ပေါ် ပန်းချီဆွဲပြသသည့် ကမ္ဘာ့ပွဲတော်ကြီး (ဓာတ်ပုံ)
1 / 11
Donate to DVB

အဝတ်ဗလာ ခန္ဓာကိုယ်ပေါ် ပန်းချီဆွဲပြသတဲ့ ကမ္ဘာ့ပွဲတော်ကြီးရဲ့ အခုနှစ်အတွက် အကြိမ် ၂၀ မြောက်ပွဲတော်ကို သြစတြီးလျားနိုင်ငံ ကလာဂန်ဖာ့တ်မြို့မှာ ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အရောင်တွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်း အတုတွေ၊ ဦးသျှောင်၊ ခေါင်းပေါင်း၊ မကိုဋ်တွေနဲ့ ပြင်ဆင်ချယ်မှုန်းပြီး “ကမ္ဘာ့အရောင်အသွေးအစုံဆုံး ပွဲတော်ကြီးအတွင်း” မှာ အမတန်လှပတဲ့ မော်ဒယ်တွေလည်း ရှိနေကြပါတယ်။

ခန္ဓာကိုယ်ပေါ် ပန်းချီဆွဲပြသတဲ့ ကမ္ဘာ့ပွဲတော်ကြီးမှာ ဆွဲထားတဲ့ ရုပ်ပုံတွေက ကြည့်ရှုသူပေါင်း ၃ သောင်းလောက်ကို စွဲဆောင်ထားပါတယ်။

၃ ရက်ကြာကျင်းပတဲ့ ဒီပွဲတော်ကြီးမှာ ကမ္ဘာတဝှမ်းက ပန်းချီဆရာတွေ လာရောက် စုစည်းကြပြီး စုတ်တံ၊ ရေမြုပ်၊ ခရမ်းလွန်ရောင်ခြည် ခံစားမှုရသ အထူးပြုလုပ်ချက် ခံစားမှုရသ စတဲ့ ပန်းချီဆွဲနည်း အမျိုးမျိုးမှာ ပါဝင်ယဉ်ပြိုင်ခဲ့ကြတာပါ။

ပန်းချီစုတ်တံတွေကနေ ထူးခြားဆန်းပြားလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အတုတွေ မိတ်ကပ်တွေသုံးပြီး အသေးစိတ်ခြယ်မှုန်းတဲ့ ပန်းချီတွေ ဆွဲခံရဖို့ စိတ်ရှည်လှတဲ့ မော်ဒယ်တွေကလည်း သူတို့အလှည့်ရောက်အောင် ၆ နာရီကြာ စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ခန္ဓာကိုယ်များနဲ့ စည်းချက်များ ပေါင်းစည်းခြင်း” အဓိက အကြောင်းအရာအဖြစ် ဒီနှစ်ကျင်းပတဲ့ ပွဲတော်ကြီးအတွင်းမှာ မော်ဒယ်တွေက ကက်ဝေါ့က်လျှောက်ပြီး ပြသခဲ့လို့ ကြည့်ရှုသူအပေါင်းက ဒီဖန်တီးမှုအနုပညာတွေကို လေးစားနှစ်သက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013