DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် ရာသီတုပ်ကွေး H1N1 ကာကွယ်ရေး Mask နှင့် ဆပ်ပြာဘူးများ ပေးဝေ
DVB
·
July 30, 2017
ဝမ်းတွင်းမြို့တွင် ရာသီတုပ်ကွေး H1N1 ကာကွယ်ရေး Mask နှင့် ဆပ်ပြာဘူးများ ပေးဝေ
1 / 7
Donate to DVB

ဝမ်းတွင်းမြို့မှာ ဇူလိုင်လ ၂၉ ရက်နေ့က ကျောင်း ၅ ကျောင်းနဲ့ ပြည်သူတွေကို ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းပါးစပ်အုပ် Mask နဲ့ လက်ဆေးဆပ်ပြာဘူးတွေကို ကြက်ခြေနီတပ်ဖွဲ့က ပေးဝေခဲ့ပါတယ်။

ကြက်ခြေနီ ဒုတပ်ဖွဲ့မှူး မမျိုးယုယုနွယ်က "အသက်ရှူတာကနေ ကူးစက်တတ်တယ်၊ ကာကွယ်ဖို့ Mask တွေ စွပ်ထားရမယ်၊ ဘက်တီးရီးယားကလည်း တုပ်ကွေးဖြစ်တတ်တယ်။ လက်ဆေး ပေးရမယ်။ သတိထားမိ အသိရစေဖို့ပါ။ ကျောင်းသားကျောင်းသူတွေကို လက်ဆေးခြင်းကဗျာရှိတယ်၊ ဖဝါးဖမိုးလက်ခေါက်ချိုး လက်ကြားလက်မ မကျန်ရ ကုတ်ပါခြစ်ပါ လက္ခဏာ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ အဲတာဆိုပြ သင်ပေးတယ်"လို့ ပြောပါတယ်။

ကျောင်းအုပ်ဆရာဦးဟန်ဝင်းအောင်က "တုပ်ကွေးရောဂါ ပျံ့နှံလာတာ အခုလို လုပ်ပေးတော့ ပိုသိလာတာပေါ့။ သတိနဲ့ နေထိုင်သွားလာရမယ်ဆိုတာ အသိတခုရစေတယ်။ ကျောင်းသားကျောင်းသူတွေ စိတ်ထဲလည်း ကပ်ရောဂါတခုပါ ကူးစက်တတ်တယ်၊ အသိဝင် သွားတာပေါ့" လို့ ပြောပါတယ်။

ဦးမောင်ဝင်းက "သတင်းတွေကတဆင့် သိနေတယ်။ ကြားနေတယ်။ တကူးတက လုပ်ပြီး Mask မဝယ်ဖြစ်ဘူး၊ အခုလိုပေးတော့ စွပ်ဖြစ်ကာကွယ်ဖြစ်တယ်"လို့ ပြောပါတယ်။

ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်း ၅ ကျောင်း၊ ဈေးနဲ့ လမ်းဆုံတွေမှာ Mask ၄၀၀၀ နဲ့ ဆပ်ပြာဘူး ၅၀ လောက် ဝေပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013