DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးတွင် ၇ လအရွယ် ကလေးတဦး ရေနစ်သေဆုံး
DVB
·
July 30, 2017
ကျောက်ကြီးတွင် ၇ လအရွယ် ကလေးတဦး ရေနစ်သေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ ဆိပ်ကြီးကျေးရွာမှာ ဇူလိုင် ၂၉ ရက် မနက် ၁၁ နာရီလောက်က ၇ လအရွယ် ကလေးငယ်တဦး အိမ်ပေါ်မှပြုတ်ကျပြီး ရေနစ်သေဆုံးမှုတခု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ကြီးမြို့မ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူ မပိုပိုက ၇လ အရွယ် သမီးဖြစ်သူ မပိုးကြယ်စင်ကို အိပ်ရာထဲမှာ သိပ်ထားခဲ့ပြီး အပြင်ခဏထွက်သွားချိန် ကလေးငယ်မှာ နေအိမ် ခြေရင်းရှိ ကြမ်းအပေါက်က ထွက်ကျပြီး ရေနစ်သေဆုံးခဲ့တာလို့ ကျောက်ကြီးမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးက ၇ လ၊ မိန်းကလေးပါ။ မအေဖြစ်သူက ကလေးကိုသိပ်ထားခဲ့ပြီး ကလေးအိပ်နေတုန်း အပြင်ကိုခဏသွားချိန်မှာ ဖြစ်သွားတာပါ။ အိမ်အပေါက်ကနေပြုတ်ကြပြီး အိမ်အောက်မှာ ရေရှိနေတော့ အခုလိုဖြစ်သွားတာ စိတ်မကောင်းစရာပါပဲ။ ရေကြီးချိန်ဆိုတော့ လူအများဂရုစိုက်သင့်ပါတယ်။"

သေဆုံသူကလေးငယ်မှာ နှုတ်ခမ်းပြာနှမ်း/မျက်လုံးအိမ်မှသွေးထွက် ဒဏ်ရာတွေနဲ့ အခြားပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မပိုးကြယ်စင် သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ်စစ်ဆေးဖို့ ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်၅/၂၀၁၇ နဲ့အမှုဖွင့်ရေးယူဆောင်ရွက်ထားပြီး သေဆုံးသူရဲ့အလောင်းကို ကျောက်ကြီးမြို့ပြည်သူဆေးရုံကို ပို့ဆောင်ကာစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့  ဆိုပါတယ်။

ကျောက်ကြီးမြို့မှာ ချောင်းရေလျှံမှုကြောင့် ရပ်ကွက်အချို့ရဲ့ နေအိမ်တွေမှာ ရေဝင်ရောက်နေလို့ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတဲ့ အိမ်ထောင်စုဝင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013