DVB Logo
Home
မြန်မာသတင်း
မုံရွာဆေးရုံကြီးတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ သံသယရှိသူ သေဆုံးမှု သတင်းစာရှင်းလင်း
DVB
·
July 30, 2017
မုံရွာဆေးရုံကြီးတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ သံသယရှိသူ သေဆုံးမှု သတင်းစာရှင်းလင်း
Donate to DVB

ဇူလိုင် ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က မုံရွာပြည်သူ့ဆေးရုံကြီးမှာ ပြင်းထန် အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး သံသယရှိသူ လူငယ်တဦးသေဆုံးခဲ့မှုအပေါ် မုံရွာဆေးရုံကြီး ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုလေးက ဒီနေ့မနက် ဆေးရုံအုပ်ကြီးရုံးခန်းမှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သေဆုံးသွားသူက ဒီပဲယင်းမြို့နယ် ကြည်အုပ်စု ဘုရားထွက်ရွာက အသက် ၁၈ နှစ်အရွယ် မောင်စိုးသူရ ဆိုသူဖြစ်ပြီး တောင်သူလုပ်တယ်လို့သိရပါတယ်။

H1N1ရောဂါလို့ အတိအကျပြောလို့ မရသေးကြောင်း၊ သေဆုံးသူရဲ့ နှာစိုကိုတော့ နေပြည်တော် ဓာတ်ခွဲခန်းကိုပို့ဆောင်ထားကြောင်း၊ ဒီလို သံသယရှိသူ နောက်ထပ် ဆေးရုံမှာ ကုသခံနေရသူ မရှိကြောင်း၊ ဆေးရုံတက်လာသူရှိရင်လည်း အထူးကြပ်မတ်ကုသဆောင်တွေ အဆင်သင့် ပြင်ဆင်ထားကြောင်း၊ သေဆုံးသူက ဖျားနေတာ ၅ ရက်ခန့်ရှိပြီလို့ သိရကြောင်း၊ လူတိုင်း မျက်နှာဖုံးတွေ သုံးကြမယ်ဆိုရင် အထိုက်အလျောက် ကာကွယ်နိုင်မယ်ဖြစ်ကြောင်း၊ သေဆုံးသူရဲ့ ရွာကိုလည်း တိုင်း၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေကွင်းဆင်းနေကြောင်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013