DVB Logo
Home
မြန်မာသတင်း
ငွေခိုးမှု သံသယဖြင့် ဖမ်းခံထားရသူ ညှဉ်းပန်းနှိပ်စက်ခံရ၍ မိသားစုဝင်များ တိုင်တန်း
DVB
·
July 30, 2017
ငွေခိုးမှု သံသယဖြင့် ဖမ်းခံထားရသူ ညှဉ်းပန်းနှိပ်စက်ခံရ၍ မိသားစုဝင်များ တိုင်တန်း
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘုန်းကြီးကျောင်းတကျောင်းက ငွေ ၁၁ သိန်းခိုးမှုနဲ့ ၁၇ နှစ်အရွယ် လူငယ်တဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးထားပြီး ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတဲ့အတွက် မိသားစုဝင်တွေက တိုင်တန်းလိုက်ပါတယ်။

ဒိုက်ဦးမြို့နယ်က တက်မြောင်ကျေးရွာ ကတက်မြောင်ဘုန်းတော်ကြီးကျောင်းအတွင်း ငွေ ၁၁ သိန်းကျော်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဂေါပကအဖွဲ့ရဲ့ တိုင်တန်းမှုကြောင့် ကတက်မြောင် ကျေးရွာနေ ကျော်ကျော်ဆိုသူ လူငယ်တဦးတရားရုံးမှာ ရမန်ယူပြီး ဖမ်းဆီးစစ်ဆေးနေတာပါ။

ဖမ်းဆီးခံရသူရဲ့ အကိုဖြစ်သူ ကျော်ကျော်နိုင်က “အရင်အပတ်တွေတုန်းက သူနဲ့ တွေ့လို့ရတယ်။ နောက်တခါတွေ့လို့ မရဘူး။ ဘာမှပြောလို့ မရဘူး။ စိတ်ရင်းကောင်းတဲ့ ရဲလေးတွေဆို ပေးတွေ့တယ်။ တွေ့တော့ပြောလို့ရတယ်။ သူက ပြောတယ်၊ သူ့ကို ရိုက်တယ်၊ နောက်ပြီး နယ်ထိန်းစခန်းထဲကိုခေါ်ပြီး ကျောက်ခဲပေါ်ကို ဒူးထောက်ခိုင်းတယ်။ နောက်ကနေ စောက်ကန်တယ်။ ဟုတ်လား မဟုတ်လား၊ မဟုတ်ဘူး ပြောရင် စောက်တွန်း ကန်ပြန်တယ်။ ဝန်ခံခိုင်းတယ်တဲ့။ နောက်တခါ စောင်တွေသွားပို့တော့ စီးကရက်ဘူးခွန်လေးတွေမှာ ခဲတံနဲ့ စာတွေ ထည့်ပေးလိုက်တယ်။ ရဲငါးယောက်သူ့ကို အရက်မူးပြီး ရိုက်တယ်။ အတင်းဝန်ခံ ခိုင်းတယ်"လို့ ပြောပါတယ်။

အခုလို ရိုက်နှက်ညှဉ်းပန်းစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို ဇူလိုင်လ ၁၂ ရက်နေ့စွဲနဲ့ တိုင်ကြားထားတယ်လို့ ဦးလေးဖြစ်သူ ဦးစန်းညွှန်လွင် က ပြောပါတယ်။

ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုက “ဒီတိုင်ကြားစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြထားတယ်”လို့  ဒီဗွီဘီ ကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ဖမ်းဆီးခံရသူကျော်ကျော်ကို တွေ့ဆုံဖို့ ကြိုးစားခဲ့ ပေမယ့် တွေ့ဆုံခွင့်မရရှိခဲ့ဘူးလို့လည်း သိရသည်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013