DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် ကူးတို့လှေပေါ်မှပြုတ်ကျ၍ ၁ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ
DVB
·
July 30, 2017
ရသေ့တောင်တွင် ကူးတို့လှေပေါ်မှပြုတ်ကျ၍ ၁ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ
1 / 3
Donate to DVB

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာနဲ့ သရက်ချောင်းကျေးရွာ ချောင်းမှာ ဇူလိုင် ၃၀ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ကူးတို့လှေပေါ်မှာပြုတ်ကျလို့ တဦးသေဆုံးပြီး တဦးပျောက်ဆုံး နေပါတယ်။

လတ်တလောမှာပျောက်ဆုံးနေတဲ့ အမျိုးသမီးတဦးကို လိုက်လံရှာဖွေနေတယ်လို့ ရသေေ့တောင် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ဒီဗွီဘီကိုပြောပါတယ်။

“ကူးတို့လှေမှောက်တာ မဟုတ်ဘူးဗျ။ လောင်းချောင်းနဲ့ သရက်ချောင်းကိုကူးတာပါ။ ဟိုဖမ်းကမ်းကို ရောက်သွားပြီ။ ဒီရေကလဲ တက်နေတယ်။ လှေပေါ်က ကသောင်းဝါးကို ယူရာကနေ အမျိုးသမီးကိုထိမိလို့ ရေထဲပြုတ်ကျ သွားတာပါ။ အမျိုးသားက ရေထဲပြုတ်ကျသွားတဲ့ အမျိုးသမီးကို လိုက်ဆယ်တယ်။ အဲဒီမှာ နှစ်ယောက်လုံ နစ်မြုပ် သွားပါတယ်။ ပေ ၅၀ လောက် အကွာမှာ ယောင်္ကျားအလောင်းကိုရပါတယ်။ အမျိုးသမီးကိုတော့အခု အချိန်အထိ ရှာမရသေးဘူး။ ရှာနေတုန်းပဲခင်ဗျ။”

သေဆုံးသူမှာ သရက်ပြင်ကျေးရွာမှ ဦးစံသာအောင် အသက် (၄၂) နှစ်ဖြစ်ပြီး အဲဒီ ကူးတို့လှေပေါ်မှာ အမျိုးသား တဦး၊ အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦး စုစုပေါင်း ၃ ဦး ပါဝင်ပါတယ်။ ပျောက်ဆုံးနေတဲ့ ဒေါ်သန်းဝင်း အသက်(၄၂)နှစ်ကို ဆက်လက်လိုက်လံ ရှာဖွေနေပါတယ်။

ဦးသန်းနိုင်က “အရင် က မေယုအားမာန် တံတားတစင်းရှိခဲ့တယ်။ ရွာသားတွေ စုပေါင်းအားနဲ့ ကိုယ်ထူးကိုထ လုပ်ထားတဲ့ တံတားပါ။ အဲဒီတံတားမေလ၃၀ ရက်နေ့ မိုရာ မုန်တိုင်းနဲ့ ပါသွားပါတယ်။ ပျက်စီးသွားတာပေါ့။ အဲဒါကြောင့် ပြည်သူတွေက ဟိုဘက်ချောင်းနဲ့ ဒီဘက်ချောင်းကို နေ့စဉ်အမျှ အန္တရာယ်ကြားက သွားလာနေရတာပေါ့”လို့ ဒီဗွီဘီကိုပြောပါတယ်။

လွန်ခဲ့တဲ့မေလတုန်းက မိုရာမုန်တိုင်းနဲ့ ပြိုလဲ ပျက်စီးတဲ့သွားတဲ့ တံတားဟာ ပေ ၁၂၀ အရှည်ရှိပြီးကျေးရွာသားတွေ အင်းအားနဲ့ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ တံတားတစင်းဖြစ်ပါတယ်။

အခုနှစ်မိုးရာသီ မကုန်ခင် ဒီတံတားကို ပြန်လည်တည်ဆောက်နိုင်ဖို့ ရန်ပုံငွေတွေ လိုအပ်နေတယ်လို့ ဦးသန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013