DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ယာဉ် ၁ စီး တိမ်းမှောက်၊ ၂ ဦး ဒဏ်ရာ
DVB
·
July 30, 2017
အမြန်လမ်းမကြီးတွင် ယာဉ် ၁ စီး တိမ်းမှောက်၊ ၂ ဦး ဒဏ်ရာ
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဇူလိုင် ၂၉ ရက် ညနေပိုင်းက ယာဉ်တစီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘောနီအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၄၅/၁ နဲ့ ၄၅/၂အကြားမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မြောက်ဥက္ကလာပမြို့နယ် နေထိုင်သူ ယာဉ်မောင်း ဖြိုးကောင်းစံ မောင်းနှင်းလာတဲ့ TOYOTA CELCIA အဖြူရောင်ယာဉ်မှာ မောင်းနှင်းလာစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရံထားတဲ့ GUARD RAIL တန်းတွေကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့ပြီး လမ်းမကြီးအပေါ်သို့ ပက်လက်လန်လဲကျတိမ်းမှောက်ခဲ့တာပါ။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိလာသူ နှစ်ဦးလုံးထိခိုက်ဒဏ်ရာတွေ ရရှိကာ ပဲခူးဆေးရုံသို့တင်ပို့ထားရပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ယာဉ်မောင်းဖြိုးကောင်းစံကို ဘောနီအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013