DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ် အထက်တန်းကျောင်းများတွင် H1N1 ပညာပေးဟောပြောမှုများ ပြုလုပ်
DVB
·
July 30, 2017
ဖြူးမြို့နယ် အထက်တန်းကျောင်းများတွင် H1N1 ပညာပေးဟောပြောမှုများ ပြုလုပ်
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ပေါ်ရှိ အထက်တန်းကျောင်းတွေနဲ့ ဇေယျဝတီမြို့ပေါ်ရှိ အထက်တန်းကျောင်းတွေမှာ H1 N1 ပညာဟောပြောမှုနဲ့ လက်ကမ်းစာဆောင်တွေ ဝေငှမှုကို ဇူလိုင်လ ၂၉ ရက်က ပြုလုပ်ခဲ့တယ်လို့ ဖြူးမြို့နယ် ကျန်းမာရေးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

"အဓိကကတော့ H1N1 ရောဂါရဲ့လက္ခဏာတွေက ဘယ်လိုရှိတယ်၊ ဘယ်လို ကူးဆက်နိုင်တယ်ဆိုတာတွေကို ဟောပြောတယ်၊ ပြီးတော့ ကာကွယ်ပုံ ကာကွယ်နည်းတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ ဇေယျဝတီမြို့ပေါ် အထက်တန်းကျောင်းတွေမှာ လုပ်ပါတယ်။ ပြီးတော့ လက်ကမ်းစာရွက်လေးတွေလည်း ဝေပါတယ်။ ဖြူးမြို့နယ်အတွင်းမှာတော့ H1N1 ရောဂါဖြစ်ပွားမှုမရှိပါဘူး။ ကြိုတင်ပညာပေးမှုတွေ လုပ်ထားတာပါ" လို့ ဇေယျဝတီမြို့ ကျန်းမာရေးမှူး ဒေါ်လှလှဝင်းက ဒီဗွီဘီကို ပြောပါတယ်။

အသိပညာပေးဟောပြောမှုတွေကို ဖြူးမြို့ပေါ်ရှိ အထက်တန်းကျောင်း ၂ ကျောင်းနဲ့ ဇေယျဝတီမြို့ပေါ်ရှိ အထက်တန်းကျောင်း ၃ ကျောင်းတို့မှာ ပြုလုပ်ခဲ့ပြီး ကျောင်သူကျောင်းသား ၁၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013