DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦး၏ မီးလောင်ဒဏ်ရာကို စပ်စုကြည့်ရှုနေသည့် လူဝံကြီးရုပ်သံ ရေပန်းစား
DVB
·
July 29, 2017
အမျိုးသမီးတဦး၏ မီးလောင်ဒဏ်ရာကို စပ်စုကြည့်ရှုနေသည့် လူဝံကြီးရုပ်သံ ရေပန်းစား
Donate to DVB

မီးလောင်ခံရလို့ ဒဏ်ရာရနေတဲ့ ဒါစီမစ်လာနဲ့ သူမရဲ့အဖော်ဖြစ်သူတို့ တိရစ္ဆာန်ရုံကို သွားစဉ် လှောင်အိမ်ထဲက ဘော်နီယိုနဲ့ စူမတြားကျွန်းတွေမှာ တွေ့ရတတ်တဲ့ အော်ရန်အူတန်အမျိုးအစား လူဝံကြီးက ဒါစီရဲ့ကိုယ်မှာ ပတ်တီးတွေနဲ့ ဖုံးအုပ်ထားတာကို တွေ့ပြီး ဒါစီဘာဖြစ်လဲလို့ စပ်စု အနီးကပ် ကြည့်ရှုခဲ့ပါတယ်။

ရော်ကီလို့ခေါ်တဲ့ လူဝံကြီးကို ဒါစီနဲ့အတူ ရုပ်သံထဲမှာ တွေ့ရပြီး သူမခန္ဓာကိုယ်ပေါ်မှာ ဘာဖြစ်နေလဲ သိချင်လို့ လူဝံကြီးက သူမကို အနီးကပ်ကြည့်ချင်ကြောင်း လက်ဟန်ခြေဟန် ပြနေတာကိုလည်း ချစ်စဖွယ် အံ့သြစဖွယ် ရုပ်သံထဲမှာ မြင်ရပါတယ်။

ဒါစီက သူမရဲ့ မီးလောင်ဒဏ်ရာတွေကို တခုပြီး တခုပြသတဲ့အခါ သူမရဲ့ပတ်တီးတွေအောက်ကို ကြည့်ဖို့ လူဝံကြီးက အံသြပြီး စူးစမ်းနေတာပါ။

ဒါစီနဲ့စေ့စပ်ထားတဲ့ အဖော်ဖြစ်သူ ဂျေဆင်ကော့စတယ်လိုက ဒီမိနစ်ပိုင်းစာကြာတဲ့ ရုပ်သံကို ရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်သံရဲ့တနေရာမှာ “တကယ်ကို ရူးတာပဲ၊ သူ ကြည့်ချင်နေတယ်” လို့ ဂျေဆင်ရဲ့ ပြောသံကိုလည်း ကြားရပါတယ်။

လူဝံကြီးက ဒါစီကို နောက်ထပ် ဘာလုပ်စေချင်တာဆိုတာကိုလည်း လက်ဟန်ခြေဟန်နဲ့ ပြခဲ့ပါတယ်။

“လူဝံကြီးက ကျမရဲ့ မီးလောင်ဒဏ်ရာ အနာရွတ်တွေနဲ့ လက်တလော ခွဲစိတ်ထားတဲ့ နေရာတွေကို လုံးဝ စိတ်ဝင်စားနေတာ” လို့ သူမက ပြောပြီး “ကျမက ၂၀၁၅ ခုနှစ် မီးလောင်မှုမှာ မီးလောင်ခံရသူ တဦးပါ။ ဒီအဖြစ်က ကျမကို စိတ်ဓာတ်ကျလိုက်၊ ပြန်ကောင်းလိုက် ဖြစ်နေစေတယ်။ ဒါပေမယ့် ဒီထူးခြားနေ့ကလေးကတော့ ကျမကိုယ်ကျမ လုံးဝကို သဘောကျတဲ့ နေ့လေးပဲ” လို့ ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဇူလိုင်လ ၂၈ ရက်နေ့က ရေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013