DVB Logo
Home
မြန်မာသတင်း
ဆေးစွဲ​မိဘကြောင့် အာဟာရပြတ်​​နေသည့် က​လေး ၄ ဦးထဲက ၁ ဦး ထပ်မံသေဆုံး
DVB
·
July 29, 2017
ဆေးစွဲ​မိဘကြောင့် အာဟာရပြတ်​​နေသည့် က​လေး ၄ ဦးထဲက ၁ ဦး ထပ်မံသေဆုံး
1 / 5
Donate to DVB

ဆေးစွဲနေတဲ့ မိဘာကြေင့် အာဟာရပြတ်လတ်လို့ ထွက်ပြေးလာတဲ့ ကလေးငယ် ၄ ဦးထဲက ၂ နှစ် သမီးလေး ဒီနေ့မနက်မှာ ထပ်မံသေဆုံးသွားပါတယ်။

အဆိုပါကလေးတွေဟာ မိုးမိတ်နဲ့ ၂၈ မိုင်လောက်ဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်လုံးကြီးရွာက ကလေးတွေဖြစ်ပြီး နေထိုင်မကောင်းဖြစ်ကြရာမှာ အသက် ၁၂ နှစ်ရွယ် သမီးအကြီးဆုံးက သူရဲ့ မောင်နဲ့ညီမငယ် ၃ ဦးကို ခေါ်ပြီး   ၂၃ ရက်နေ့က မိုးမိတ်ဆေးရုံကို ရောက်ရှိခဲ့ပါတယ်။

ဆေးရုံကို ရောက်ရှိပြီးနောက်တရက် ဇူလိုင် ၂၄ ရက်နေ့မှာပဲ အသက် ၅ နှစ်အရွယ် မောင်လေးက သေဆုံးသွားခဲ့ပါတယ်။

အသက် ၂ နှစ်အရွယ် ညီမငယ်လေးရဲ့အခြေအနေ ပိုဆိုးလာလို့ မိုးမိတ်ဆေးရုံကနေ မိုးကုတ်ဆေးရုံကို မနေ့က လွှဲပြောင်းကုသရာမှာ ဒီကနေ့မနက်ပိုင်းမှာပဲ ၂ နှစ်အရွယ် ညီမငယ်လေး သေဆုံးသွားတာလို့ ကလေးတွေကို သွားရောက်ကြည့်ရှုကူညီပေးခဲ့သူ မိုးမိတ်ဒေသခံ ကိုထွန်းထွန်းက ပြောပါတယ်။

“၂ နှစ်သားအရွယ် မိန်းကလေးပေါ့။ မိုးကုတ်ပြည်သူ့ဆေးရုံမှာ ၈ နာရီခွဲလောက်က ဆုံးသွားတယ်ဗျာ။ မိုးမိတ်ဆေးရုံကို သူတို့လာတာက ၄ ယောက်ပေါ့။ ၁၂ နှစ်အရွယ် အမကြီး ကနေပြီးတော့ သူ့ရဲ့ အာဟာရပြတ်နေတဲ့ မောင်နှမ သုံးယောက်ကို သူကိုယ်တိုင် ခေါ်လာခဲ့တာပေါ့။ မိုးမိတ်ဆေးရုံမှာ တယောက် သေသွားတာပေါ့၊ ၂၄ ရက်နေ့မှာ။ အဲဒါနဲ့မှ မနေ့က မိုးမိတ်ဆေးရုံကနေ မိုးကုတ်ဆေးရုံကို ဆေးရုံလွှဲပြောင်းပြီးမှ ဆေးကုသတာပေါ။ ကုသတဲ့အချိန်မှာ ဒီနေ့မနက် ၂ နှစ်သားအရွယ် မိန်းကလေးက ထပ်ဆုံးသွားတာပေါ့။ အခုက မွေးကင်းစအရွယ် ရက် ၂၀ ကလေးပဲ ကျန်တော့တာပေါ့နော်။”

လတ်တလောမှာတော့ အသက် ၁၂ အရွယ်အစ်မဖြစ်သူက ရက် ၂၀ သား ရှိသေးတဲ့ ကလေးကို ပြုစုနေရပါတယ်။

ဒီမနက် သေဆုံးသွာတဲ့ ၂ နှစ်အရွယ် ကလေးကိုတော့ မိုးမိတ်က အရပ်ဘက်ပရဟိတ အဖွဲ့ အစည်းတွေကပဲဦးဆောင်ပြီး မိုးကုတ်က မြတ်စေတနာ နာရေးကူညီမှုအအသင်းကနေ အခမဲ့ ကူညီပြီး မီးသဂြိုလ်ပေးခဲ့တယ်လို့လည်း ကိုထွန်းထွန်းက ပြောပါတယ်။

ကလေးတွေဟာ အိမ်မှာနေတုန်းကလည်း ထမင်းနပ်မှန်အောင်မစားရကြောင်း၊ အိမ်နီးချင်းနဲ့ ဆွေမျိုးနီးစပ်ကပေးကမ်းတာနဲ့ပဲ စားနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရတဲ့အတွက် အဓိက အာဟာရချို့တဲ့ကာ နောက်ဆက်တွဲ ကျန်းမာရေးတွေပါ ချို့တဲ့လာတာလို့ ကိုထွန်းထွန်းက ပြောပါတယ်။

အခုသေဆုံးသွားတဲ့  ၂ နှစ်အရွယ် သမီးလေးမှာတော့ အာဟာရ ချို့တဲ့တာအပြင် အဆုပ်နဲ့ ပတ်သက်တဲ့ ရောဂါခံစားခဲ့ရကြောင်းလည်း ဆေးရုံဆရာဝန်က သုံးသပ်ပြောဆိုတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013