DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ခရီးသည်တင်ကားမှောက်၊ ၁ ဦးသေ၊ အများပြားဒဏ်ရာရ
DVB
·
July 29, 2017
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ခရီးသည်တင်ကားမှောက်၊ ၁ ဦးသေ၊ အများပြားဒဏ်ရာရ
1 / 5
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်  ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၀/၀ မှာ ဇူလိုင် ၂၉ ရက် မနက် ၅ နာရီက ရန်ကုန်ဘက်မှမန္တလေးဘက်ကို မောင်းလာတဲ့ အာကာသ ခရီးသည်တင်ကား တိမ်းမှောက်ခဲ့လို့ ဘုန်းကြီး ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

စခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက "အရှိန်များပြီး စလစ်ဖြစ်သွားတယ်၊  လမ်းရဲ့ဝဲဘက်ခြမ်းမှာ တိမ်းမှောက်တယ်။ ကျောက်ဆည်မြို့ အင်တိုင်းရွာမှာနေတဲ့ မဖြူ ကားအောက်ပိပြီး သေဆုံးသွားတယ်။ ကားပေါ်လူ ၃၁ ယောက်ပါတယ်။ ဘုန်းကြီး ၂ ပါးအပါပေါင်း ၂၅ ဦး ဒဏ်ရာရတယ်။ ကျောက်ဆည်ဆေးရုံကို ပရဟိတကားတွေနဲ့ ပို့ပေးရတယ်။ ဒရိုင်ဘာ ဝင်းထွန်း ထွက်ပြေးသွားလို့ ဖမ်းမိဖို့ ကြိုးစားနေတယ်" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ယာဉ်မောင်း ဝင်းထွန်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု/ပြင်းထန်ဒဏ်ရာရမှု/သာမာန်ဒဏ်ရာရမှု/ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၀၂ တို့နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013