DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း မြို့နယ် ၈ ခုတွင် ကြက်၊ ဘဲ နှင့်ဆပ်စပ်ပစ္စည်းများ ရောင်းဝယ်တင်ပို့မှု ပိတ်ပင်
DVB
·
July 29, 2017
တနင်္သာရီတိုင်း မြို့နယ် ၈ ခုတွင် ကြက်၊ ဘဲ နှင့်ဆပ်စပ်ပစ္စည်းများ ရောင်းဝယ်တင်ပို့မှု ပိတ်ပင်
Donate to DVB

ထားဝယ်မှာ ကူးစက်မြန် ပြင်းထန် ကြက်ငှက်တုပ်ကွေး H5N1 တွေ့ရှိပြီးတဲ့နောက် ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး မြို့နယ် ၈ ခုမှာ ကြက်ဥ၊ ကြက်သား အပါအဝင် ကြက်၊ ဘဲ နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ ရောင်းချတာ၊ တင်သွင်းတာတွေ ပိတ်ပင်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

တိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်က “မနေ့ကပဲ စဖြစ်ခဲ့တဲ့ ကြက်ခြံနဲ့ ပတ်ဝန်းကျင်ခြံတွေက ကြက်တွေအားလုံးကို ရှင်းပြီးသွားပါပြီ။ လက်ရှိမှာတော့ ထားဝယ်နဲ့ မြိတ်ခရိုင် မြို့နယ် ၈ ခုမှာ ကြက်ဥ၊ ကြက်သားနဲ့ ကြက်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ရောင်းချတာ၊ တင်သွင်းတာ၊ တင်ပို့တာ မလုပ်ဖို့ တားမြစ်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်မှာတော့ လွန်ခဲ့တဲ့ ၃ ရက်လောက်က စ ပိတ်ခဲ့တာဖြစ်ပြီး မနက်ဖြန်မှာ ကော့သောင်းကို သွားရောက် စစ်ဆေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာတော့ နေပြည်တော်က ကျန်းမာရေးတာဝန်ရှိသူတွေလည်း ရောက်ရှိနေပြီး ရောဂါကာကွယ် နှိမ်နင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ထားဝယ်မြို့နယ်မှာတော့ အခြေခံအဆင့်ကျောင်းတွေအားလုံးကို ပိတ်ထားသလို ရောဂါပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ကုသရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ တိမွေးကုဌာနတွေ ပူးပေါင်းဆောင်ရွက်နေတယ်။ သူတို့ရဲ့ သုံးသပ်ချက်ကိုမူတည်ပြီး လာမယ့် တနင်္လာနေ့မှာ ပြန်ဖွင့်မယ်။ ဒါမှမဟုတ် လိုအပ်ရင် တပတ်စီ ထပ်ပိတ်သွားမယ်” လို့ ဦးဟိုပင်က ပြောပါတယ်။

ဆေးရုံတွေမှာလည်း သံသယရှိသူတွေကို သီးခြားထားပြီး ကုသပေးနေလို့ သူက ပြောပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့မှာလည်း ရန်ကုန်မြို့ကနေ သယ်ယူလာတဲ့ ကြက်ဥအလုံး ၅ ထောင်လောက်ကို ဇူလိုင် ၂၈ ရက်နေ့မှာ တာဝန်ရှိသူတွေက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ကြက်ဥ/ကြက်သားတွေ တင်သွင်းရောင်းချတာတွေကို တားမြစ်ထားပေမယ့် လျှို့ဝှက်တင်သွင်းနေတာ၊ ရောဂါဖြစ်ပြီးသေဆုံးနေတဲ့ ကြက်တွေကို ဈေးတွေမှာ ပြန်လည် ရောင်းချနေတာတွေလည်း ရှိနေကြောင်း၊ ဒါကြောင့် တားမြစ်ချက်ကို မလိုက်နာဘဲ ထပ်မံကျူးလွန်ပါက မွေးမြူရောင်းချခွင့်ကို လုံးဝပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့  စည်ပင်က ထုတ်ပြန်ထားပါတယ်။

ကူးစက်မြန် ပြင်းထန် ကြက်ငှက်တုပ်ကွေး H5N1 အတွက် လက်ရှိမှာ ကုသနိုင်တဲ့ ဆေးမရှိသေးဘဲ လူကို ကူးစက်ခံရရင် အသက်အန္တရာယ်ရှိပါတယ်။ ရောဂါဖြစ်တဲ့နေရာတွေကို ရှင်းလင်းပြီး နောက်ထပ် ရက် ၉၀ ကြာမှ ထပ်မံစစ်ဆေးပြီး ပိုးမတွေ့တော့မှ ရောဂါကင်းရှင်းကြောင်း ကြေညာနိုင်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - MOI

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013